နိုဝင်ဘာ ၂၅ ရက် အမျိုးသားအောင်ပွဲနေ့ ကချင်ပြည်နယ်၊ ဖားကန့်မြို့မှာ ဖားကန့်ပြည်သူတွေက စစ်အာဏာရှင်ဆန့်ကျင်ရေး သပိတ်နဲ့ KIA ၊ PDF၊ NUG အဖွဲ့တွေကို ထောက်ခံပွဲ ပြုလုပ်ခဲ့ပါတယ်။
ဖားကန့်ပြည်သူတွေက “စစ်ကျွန်မခံဘူးငြင်းဆန် အမျိုးသားနေ့အဓိဋ္ဌာန် ” “တော်လှန်ရေးအတွက် အနစ်နာခံ CDM ဘယ်ခါမမေ့ လေးစားဂုဏ်ပြုပါ၏”၊ “ဖက်ဆစ်စစ်တပ် အမြစ်ဖြတ်”၊ “စစ်ကျွန်အောက်က လွတ်မြောက်ရေး ဒို့တမျိုးသားလုံးအရေး”၊ “လူသတ် မီးရှို့ မုဒိမ်းစစ်တပ် အလိုမရှိ”၊ “ နွေဦးတော်လှန်ရေး အောင်မြင်ဖို့ ပြည်သူအားလုံးပါဝင်စို့” စတဲ့ ကြွေးကြော်သံတွေနဲ့ သပိတ်မှောက်ခဲ့ကြကာ KIA နဲ့ PDF တွေ တိုက်ပွဲတိုင်းမှာ အောင်နိုင်ဖို့ ဆုတောင်းပေးခဲ့ကြပါတယ်။