
မက္ကဆီကိုရဲ့ အက်လက်ကိုပြည်နယ်မှာ သေဆုံးသူတွေရဲ့ နေ့ရက် “Day of the Dead” မတိုင်မီ ရိုးရာယဉ်ကျေးမှုဆိုင်ရာ ပြသမှုအဖြစ် အရိုးခေါင်းအရုပ်ကြီးတွေကို ပြုလုပ်ထားပါတယ်။
ဗယ်လီဒီကတ်ရီနတ်စ်ပြပွဲမှာ အမြင့် ၃ မီတာကျော်တဲ့အထိ မြင့်မားတဲ့ အရိုးချောက်ရုပ်တွေကို မြို့ရဲ့ နေရာအနှံမှာ ဖြန့်ချထားပြီး ရိုးရာနည်းစနစ်ဖြစ်တဲ့ ကာတိုနီရီရာကို အသုံးပြုပါတယ်။
ဒီနည်းစနစ်ဟာ မက္ကဆီကိုနိုင်ငံမှာ စက္ကပျော့ဖတ်တွေနဲ့ အရုပ်ပြုလုပ် တာဖြစ်ပြီး ပြည်တွင်းအနုပညာရှင်တွေရဲ့ ကျွမ်းကျင်မှုကို တွေ့ရမှာပါ။
ဒီလိုအရိုးခြောက်ရုပ်ကြီးတွေ ဖန်တီးပြသမှုက အက်လက်ကိုပြည်နယ်ကို ပြည်တွင်းနဲ့ နိုင်ငံတကာက ခရီးသွားတွေကို ဆွဲဆောင်နိုင်ဖို့ပဲဖြစ်ပါတယ်။
ဒီအရိုးခြောက်ကြီးတွေကို အက်လက်ကိုပြည်နယ်ရဲ့ အထင်ကရနေရာဖြစ်တဲ့ ပန်းစိုက်ခင်းတွေမှာ ပြသထားပါတယ်။
၅ ကြိမ်မြောက် ပြသခြင်းမှာ မက္ကဆီကိုနိုင်ငံရဲ့ ဖိနပ်အရောင်တင်သမားတွေ၊ အိုးလုပ်သူတွေ၊ မုန့်လုပ်သူတွေ၊ တေးဂီတ တီးခတ်သူတွေနဲ့ မက္ကဆီကိုရဲ့နေ့စဉ်ဘဝကို ထင်ဟပ်စေတယ်လို့ ရိုက်တာသတင်းက ဖော်ပြပါတယ်။
ကြီးမားတဲ့ အရိုးခြောက်ကြီးတွေ ဖန်တီးပြသမှုကို နိုဝင်ဘာလ အစောပိုင်းအထိ ပြသသွားမှာ ဖြစ်ပါတယ်။
Source:Reuters




