Home
နိုင်ငံတကာ
မက္ကဆီကိုနယ်စပ်ရှိ ပြည်နယ်ရှေ့နေချုပ်ရုံး လက်လုပ်ဒရုန်းဖြင့် တိုက်ခိုက်ခံရ
DVB
·
October 17, 2025
Photo: REUTERS / BAJA CALIFORNIA PROSECUTOR'S OFFICE

မက္ကဆီကို ရာဇ၀တ်ဂိုဏ်းတဖွဲ့ဟာ အောက်တိုဘာ ၁၅ ရက်က မြောက်ပိုင်းနယ်စပ်မြို့ တီအာဝါးနားရှိ ပြည်နယ်ရှေ့နေချုပ်ရုံးကို လက်လုပ်ဒရုန်းတစင်းနဲ့ တိုက်ခိုက်ခဲ့ကြောင်း မက္ကဆီကို အာဏာပိုင်တွေက ပြောပါတယ်။

သံချောင်းတွေနဲ့ သတ္တုအပိုင်းအစတွေ ပါရှိတဲ့ အကြမ်းစား လက်လုပ်ဖောက်ခွဲရေးပစ္စည်းဟာ ရှေ့နေချုပ်ရုံးရဲ့ ပြန်ပေးဆွဲမှုတိုက်ဖျက်ရေးဌာန အပြင်ဘက်ကို ထိမှန်ခဲ့ပြီး မော်တော်ကားတချို့ ပျက်စီးခဲ့ပေမဲ့လည်း လူအသေအပျောက်မရှိဘူးလို့ ဘာဟာ ကာလီဖိုးနီးယားပြည်နယ် ရှေ့နေချုပ် မာရီယာ အန်ဒရာဒေက သတင်းထောက်တွေကို ပြောပါတယ်။

ရရှိထားတဲ့ ထောက်လှမ်းရေး အချက်အလက်တွေအရ ဒီတိုက်ခိုက်မှုရဲ့ နောက်ကွယ်မှာ ရာဇ၀တ်ဂိုဏ်း ကြီးကြီးမားမားတခု ရှိနေကြောင်း အန်ဒရာဒေက ဆိုပါတယ်။ ဒါပေမဲ့ နာမည်ထုတ်ပြောဖို့ကိုတော့ ငြင်းဆိုခဲ့ပါတယ်။

ဗုဒ္ဓဟူးနေ့က တီအာဝါးနားမြို့မှာရှိတဲ့ အမေရိကန် ကောင်စစ်ဝန်ရုံးက တိုက်ခိုက်မှုနဲ့ ပတ်သက်ပြီး လုံခြုံရေးသတိပေးချက် ထုတ်ပြန်ခဲ့ပါတယ်။

Source: Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013