မက္ကဆီနိုင်ငံမြို့တော် မက္ကဆီကိုစီးတီးနဲ့ ချီလီနိုင်ငံ မြို့တော် ဆန်တီယာဂိုတို့မှာ နှစ်စဉ်ကျင်းပနေကျ Zombie Walk လို့ခေါ်တဲ့ ဇွမ်ဘီ ဖုတ်ကောင်လမ်းလျှောက်ပွဲတွေ ပြုလုပ်ခဲ့ပါတယ်။
အောက်တိုဘာ ၁၈ ရက်က မက္ကဆီကိုစီးတီး မြို့လယ်ကောင်မှာ ဖုတ်ကောင်လို ဝတ်စားပြီး မိတ်ကပ်ပြင်ထားတဲ့ လူထောင်ချီ စုဝေးခဲ့ကြပါတယ်။
ဒီပွဲမှာ အသက်အရွယ်မရွေး ပါဝင်ခဲ့ကြပြီး တချို့တွေက မိသားစုလိုက် ဆင်နွှဲခဲ့ကြတာ ဖြစ်ပါတယ်။
ချီလီမြို့တော် ဆန်တီယာဂိုမှာလည်း အောက်တိုဘာ ၁၉ ရက်မှာ အလားတူပွဲမျိုး ကျင်းပခဲ့ပေမဲ့ ၁၆ နှစ်အထက်တွေကိုပဲ ပါဝင်ခွင့်ပေးခဲ့ပြီး ဝတ်စားဆင်ယင်မှုပြိုင်ပွဲပါ ကျင်းပပေးခဲ့ပါတယ်။
ဒီနှစ် ချီတက်ပွဲမှာ ထူးခြားချက်အနေနဲ့ ဒေါက်တာ မောတစ် လို့ခေါ်တဲ့ ချီလီမှာ ထင်ရှားတဲ့ ကြောက်စရာဇာတ်ကောင်ကို အဓိကထား သရုပ်ဖော်ခဲ့ကြပါတယ်။
Zombie Walk ပွဲတွေကို ၂၀၀၁ ခုနှစ်က ကယ်လီဖိုးနီးယားပြည်နယ်၊ ဆခရာမန်တိုမှာ စတင်ခဲ့တာဖြစ်ပြီး အဲဒီကမှ ကမ္ဘာအနှံ့ ပျံ့နှံသွားခဲ့တာ ဖြစ်ပါတယ်။
အလားတူပွဲတွေကို နယူးယောက်၊ ဆန်တီယာဂို၊ ဘိုဂေါ့တာ၊ စင်ကာပူ၊ ဆာအိုပေါ်လိုနဲ့ ဖရန့်ဖတ် စတဲ့မြို့ကြီးတွေမှာ ပုံမှန်ကျင်းပလေ့ ရှိပါတယ်။
Source: Reuters









