Home
နိုင်ငံတကာ
ယူကရိန်းနိုင်ငံထုတ် မောင်းသူမဲ့ အဆင့်မြင့်ဒရုန်းယာဉ်များ ထွက်ရှိ
DVB
·
October 23, 2025
Photo: REUTERS/Vlad Smilianets

ယူကရိန်းလုံခြုံရေးဌာန (SBU) ဟာ သူ့ရဲ့ ပင်လယ်ပြင်ရဲ့ ရင်သွေးငယ်လို့ နာမည်ပေးထားတဲ့ ရေတပ်ဒရုန်းရဲ့ နောက်ဆုံးဗားရှင်းကို ကီလိုမီတာ ၁,၅၀၀ ကျော် အကွာအဝေးထိ မောင်းနှင်နိုင်ပါတယ်။

အလေးချိန် ၂,၀၀၀ ကီလိုဂရမ်အထိ သယ်ဆောင်နိုင်ပြီး အရင်ကန့်သတ်ချက်ထက် ၂ ဆလောက် သယ်ဆောင်နိုင်တယ်လို့ ဆိုပါတယ်။

ဒီတိုးတက်မှုတွေဟာ ရုရှားနဲ့စစ်ပွဲမှာ ပိုအရေးပါလာတဲ့ အခန်းကဏ္ဍမှာ ပါလာနေတဲ့ မောင်းသူမဲ့ လက်နက်စနစ်တွေထဲမှာ နောက်ဆုံးပေါ် တိုးတက်မှုပါ။

နှစ်ဖက်စလုံးက ကုန်းမြေ၊ ဝေဟင်နဲ့ ပင်လယ်ပြင်က ဒရုန်းစစ်ပွဲမှာ ရှေ့တန်းနေရာအတွက် ပြိုင်ဆိုင်နေကြပါတယ်။

ဝေဟင်သုံး မောင်းသူမဲ့လေယာဉ်တွေက အရေအတွက်နည်းနည်းသာ ဖြန့်ကြက်ထားပြီး အဖျက်စွမ်းအားအတွက် အာရုံစိုက်မှုကို လွှမ်းမိုးထားပေမဲ့ ယူကရိန်းဟာ အခြေခံအားဖြင့် အသေးစား၊ အမြန်နဲ့ မောင်းသူမဲ့လှေတွေကို ပင်လယ်နက်ထဲမှာ သုံးရာမှာ စစ်ရေးအရ အတော်အတန် အောင်မြင်ခဲ့ပါတယ်။

ယူကရိန်းအစိုးရဟာ ဥရောပဆီ အဓိက အရပ်သားကုန်သွယ်မှုလမ်းကြောင်းကို ဆက်ဖွင့်ထားဖို့ ကြိုးပမ်းနေလို့ ရုရှားရဲ့ ပင်လယ်နက်ရေယာဉ်စုက သင်္ဘောအများအပြားကို ဖျက်ဆီးပြီး တခြား သင်္ဘောတွေကို ခရိုင်းမီးယားကျွန်းဆွယ်နဲ့ ယူကရိန်းကမ်းရိုးတန်းကနေ ဝေးဝေးဆီ တွန်းပို့နိုင်ခဲ့ပါတယ်။

ခါမိခါဇေ အသေခံ မောင်းသူမဲ့လေယာဉ်တွေအပြင် ယူကရိန်းရဲ့ ပင်လယ်ဒရုန်းတွေဟာ ရန်သူ့ရဲ့ ကုန်းရေ နှစ်သွယ် စစ်ဆင်ရေးတွေနဲ့ တခြားပစ်မှတ်တွေကို တိုက်ခိုက်ရာမှာ သုံးဖို့ ဒုံးပစ်လောင်ချာတွေနဲ့ သေနတ်အများအပြား ပါပါတယ်။

ဒါ့အပြင် အဝေးထိန်းလက်နက်စနစ်တွေကို သယ်ဆောင်နိုင်တယ်လို့ SBU က ဗိုလ်မှူးချုပ် အီဗန် လူခါရှက်ဗစ်ချ်က ပြောပါတယ်။

ဘယ်နေရာဆိုတာ ထုတ်မပြောတဲ့ နေရာမှာ သတင်းထောက်တွေကို သရုပ်ပြရာမှာ မီးခိုးရောင် ရေတပ်ဒရုန်း ၂ စင်းကို ဒုံးပစ်လောင်ချာတွေ၊ သေနတ်တွေနဲ့ ပြသထားပါတယ်။

၂၀၂၂  ခုနှစ် အစောပိုင်း စစ်ပွဲစတင်ကတည်းက ယူကရိန်း ပင်လယ်ဒရုန်းတွေဟာ ရုရှားသင်္ဘော ၁၁ စင်းကို အကြိမ်ကြိမ် တိုက်ခိုက်ခဲ့တယ်လို့ SBU က ပြောပါတယ်။

“Sea baby” မောင်းသူမဲ့ယာဉ်တွေဟာ ခရိုင်းမီးယားနဲ့ ရုရှားပြည်မကြီးကို ဆက်သွယ်ထားတဲ့ မဟာဗျူဟာမြောက်တံတားကို ယူကရိန်းကနေ တိုက်ခိုက်နိုင်ခဲ့ပါတယ်။

“Sea baby” မောင်းသူမဲ့ယာဉ်တွေရဲ့ နည်းပညာကို ရုရှားက ရမသွားအောင် ဟန့်တားဖို့ ရန်သူက ဖမ်းယူရင် သူ့ကိုယ်သူ ဖျက်ဆီးတဲ့ နည်းစနစ်ကို သုံးဖို့ ယူကရိန်းအစိုးရက ကြိုးစားနေပါတယ်။

မူလရည်မှန်းချက်ကတော့ ဒရုန်းတွေကို အကြိမ်ကြိမ်ပြန်သုံးဖို့ ယူကရိန်းကမ်းခြေတွေဆီ ပြန်ခေါ်ဖို့ ဖြစ်ပါတယ်။

Source: Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013