Home
နိုင်ငံတကာ
ယူကရိန်းက ရုရှားရေနံချက်စက်ရုံများကို နေ့စဉ်တိုက်ခိုက်နေ 
DVB
·
October 20, 2025
Photo: UKRAINIAN PRESIDENTIAL PRESS SERVICE

ယူကရိန်းက ရုရှားရေနံချက်စက်ရုံတွေကို နေ့တိုင်းနီးပါး ပစ်ခတ်တိုက်ခိုက်နေပြီလို့ ယူကရိန်းသမ္မတ ဗိုလိုဒီမာဇလန်းစကီးက အောက်တိုဘာ ၁၉ ရက်မှာ ပြောပါတယ်။

တိုက်ခိုက်မှုတွေဟာ ရုရှားနိုင်ငံကို လက်တွေ့ဘဝဆီ ပြန်ရောက်ဖို့ ရည်ရွယ်တယ်လို့ စစ်ဦးစီးချုပ် အိုလက်စန်ဒါ စီယာစကီနဲ့ ဆွေးနွေးအပြီးမှာ ဇလန်းစကီးက ပြောပါတယ်။

ရုရှားပစ်မှတ်တွေကို ထိုးစစ်ဆင်ဖို့ ယူကရိန်းမှာ ဒရုန်းတွေ ထောင်နဲ့ချီပြီး အဆင်သင့်ဖြစ်နေပေမဲ့ အမေရိကန် ဒုံးကျည်တွေ လိုအပ်နေတယ်လို့ ယူကရိန်းခေါင်းဆောင်က အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်ကို အောက်တိုဘာ ၁၇ ရက်မှာ ပြောပါတယ်။

ထရမ့်ပ်က တိုမာဟော့ခ်ဒုံးကျည်တွေ ယူကရိန်းဆီပို့ရေးကို  မငြင်းပေမဲ့ ဟန်ဂေရီမှာ ရုရှားသမ္မတ ဗလာဒီမာပူတင်နဲ့ မဆွေးနွေးမီ အေးအေးဆေးဆေး ဖြစ်နေခဲ့ပါတယ်။

ဇလန်းစကီးက ထရမ့်ပ်နဲ့ တွေ့ပြီးတဲ့နောက် ဥရောပခေါင်းဆောင်တွေနဲ့ ဖုန်းပြောရာမှာ “ဒီစစ်ပွဲကို ရပ်တန့်ရေးအတွက် ပူတင်ကို ဖိအားပေးဖို့ အမေရိကန်ကို အားကိုးနေပါတယ်” လို့လည်း ဇလန်းစကီးက ပြောပါတယ်။

မဝေးတော့တဲ့ အနာဂတ်မှာ ယူကရိန်းကလိုလားတဲ့ မဟာမိတ်အဖွဲ့ရဲ့ အစည်းအဝေးကို ပြင်ဆင်နေတယ်လို့ ဗီဒီယိုမိန့်ခွန်းမှာ ဇလန်းစကီးက ပြောပါတယ်။

လိုလားတဲ့ မဟာမိတ်အဖွဲ့ဟာ ယူကရိန်းကို စစ်ပြီးခေတ်မှာ လုံခြုံရေး အာမခံချက်ပေးဖို့ အဆင်သင့်ဖြစ်နေတဲ့ အဓိကအားဖြင့် ဥရောပနိုင်ငံတွေဖြစ်တဲ့ ၂၆ နိုင်ငံပါတဲ့ အဖွဲ့တဖွဲ့ဖြစ်ပြီး အာမခံချက်ထဲမှာ ကုန်းကြောင်း၊ ရေကြောင်းနဲ့ ဝေဟင်အတွက်ပါ နိုင်ငံတကာတပ်ဖွဲ့တွေ ပါဝင်နိုင်ပါတယ်။

ဥရောပခေါင်းဆောင်တွေက ထရမ့်ပ်ရဲ့ ကျောထောက်နောက်ခံဟာ ဒီလိုအာမခံချက်တွေ အသက်ဝင်စေဖို့ အရေးကြီးတယ်လို့ ပြောခဲ့ပါတယ်။

Source: Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013