
ရုရှားမှာ ဓာတ်ဆီတင်သွင်းရေး ရွေးချယ်ခွင့်ရှိတယ်လို့ ရုရှားဒုတိယဝန်ကြီးချုပ် အလက်ဇန်းဒါး နိုဗက်က အောက်တိုဘာ ၁၅ ရက်မှာ သတင်းထောက်တွေကို ပြောလိုက်ပါတယ်။
နိုဗက်က “ကျနော်တို့ရဲ့ ဥပဒေက သွင်းကုန်တွေကို ခွင့်ပြုထားပြီး ရုရှားအစိုးရဟာ မူအရအားဖြင့် တားမြစ်ထားတဲ့ သွင်းကုန်ခွန် ၅ ရာခိုင်နှုန်းကို လျှော့ချထားပါတယ်” လို့ ပြောပါတယ်။
အခုတော့ အစိုးရက ဒီအကောက်ခွန်ကို သုညအထိ လျှော့ချလိုက်တဲ့အတွက် စီးပွားရေး လုပ်ငန်းရှင်တွေက ဓာတ်ဆီနဲ့ လောင်စာဆီ ထုတ်ကုန်တွေကို ပံ့ပိုးပေးနိုင်တယ်လို့ သူက ဆက်ပြောပါတယ်။
ယူကရိန်း မောင်းသူမဲ့လေယာဉ်တွေက ရေနံချက်စက်ရုံတွေကို ဆက်တိုက် တိုက်ခိုက်ခဲ့ပြီးတဲ့နောက် ရုရှားနိုင်ငံထဲက ဒေသတချို့မှာ ဓာတ်ဆီပြတ်လပ်နေပါတယ်။
ရုရှား ထိန်းချုပ်ထားတဲ့ ခရိုင်းမီးယားမှာ လောင်စာဆီဈေးကို အစိုးရက အဆင့်တခု သတ်မှတ်ထားပြီး ပြတ်လပ်မှုကို တုံ့ပြန်တဲ့အနေနဲ့ ဓာတ်ဆီခွဲတမ်းကို ချမှတ်ထားပါတယ်။
၂၀၁၄ ခုနှစ်မှာ ရုရှားက ယူကရိန်းဆီက သိမ်းယူခဲ့တဲ့ ခရိုင်းမီးယားဒေသက ယာဉ်မောင်းတွေဟာ တကြိမ်ကို လောင်စာဆီ လီတာ ၃၀ ဝယ်ဖို့ ကန့်သတ်ထားတယ်လို့ ဒေသဆိုင်ရာ အုပ်ချုပ်ရေးမှူး ဆာဂေး အက်စ်ခီယိုနော့ဗ်က စက်တင်ဘာ ၂၉ ရက်မှာ ပြောခဲ့ပါတယ်။
ဒီဇယ်နဲ့ ဓာတ်ဆီ အမျိုးအစား အမျိုးမျိုးအတွက် ရက် ၃၀ ကြာအောင် စျေးနှုန်းသတ်မှတ်ထားမဲ့ အတိုင်းအတာကိုလည်း ထုတ်ပြန်ကြေညာခဲ့ပြီး အနှောင့်အယှက်ကြောင့် အများပြည်သူ ဒေါသထွက်တာကို လျှော့ချဖို့ ဒီဇိုင်းထုတ်ထားပါတယ်။
Source: Reuters




