
လျှပ်စစ်ကွန်ရက် ဝန်ပိမှုနဲ့ အစောပိုင်း ရုရှားတိုက်ခိုက်မှုတွေရဲ့ ကျန်ရှိနေတဲ့ အကျိုးသက်ရောက်မှုတွေကြောင့် အောက်တိုဘာ ၁၄ ရက် နှောင်းပိုင်းမှာ မြို့တော်ကိယက်ဗ်နဲ့ တခြားယူကရိန်းဒေသတွေမှာ မီးပျက်သွားတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။
စူမွေ၊ ခါခိဗ်၊ ပေါ်လ်တာဗာ၊ နစ်ပရိုပေထရို့ဗ်စ်ခ်၊ ဒေသတွေမှာ ဓာတ်အားကို အရေးပေါ် ဖြတ်တောက်ခဲ့ရပြီး ခီရိုဗိုရဒ်၊ ကိဗ်နဲ့ ချာကာစီ ဒေသတွေမှာ တစိတ်တပိုင်း ဓာတ်အား ဖြတ်တောက် ခဲ့ရတယ်လို့ ပြည်နယ်လျှပ်စစ်ဓာတ်အားပို့လွှတ်ရေးကုမ္ပဏီ Ukrenergo က ပြောပါတယ်။
မြို့ရဲ့ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေး အရေးပေါ်အခြေအနေကြောင့် ယူကရိန်းမြို့တော်ရဲ့ အစိတ်အပိုင်းတချို့မှာ အမှောင်ထု ဖြစ်နေတယ်လို့ ကိဗ်ယက်မြို့အုပ်ချုပ်ရေးအဖွဲ့က သတင်းထုတ်ပြန်ခဲ့ပါတယ်။
ရေပေးဝေရေးစနစ်က ဖိအားကိုလည်း အနိမ့်ဆုံးဆီ လျှော့ချခဲ့ရပြီး အိမ်ထောင်စု ထောင်ပေါင်းများစွာအတွက် ရေပေးဝေမှု ပြတ်တောက်သွားခဲ့တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။
လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးနိုင်စွမ်းပြန်ရဖို့ အရေးပေါ်ဝန်ဆောင်မှုတွေကိုလည်း ညတွင်းချင်း ဆက် လုပ်ခဲ့ပါတယ်။
ယူကရိန်းဝန်ကြီးချုပ် ယူလီယာ ဆဗီရီဒန်ကိုက အခုသီတင်းပတ် နှောင်းပိုင်းမှာ သမ္မတ ဗိုလိုဒီမာ ဇလန်စကီးရဲ့ အလည်အပတ်ခရီးစဉ် မစမီ အမေရိကန်အစိုးရနဲ့ ဆွေးနွေးပွဲမှာ ရုရှားနိုင်ငံက ယူကရိန်းရဲ့ စွမ်းအင်လိုင်းကို တိုက်ခိုက်ခြင်းအပေါ် အာရုံစိုက်နေတယ်လို့ အစောပိုင်းမှာ ပြောခဲ့ ပါတယ်။
ယူကရိန်းရဲ့ လေကြောင်းရန် ကာကွယ်ရေးနဲ့ တာဝေးပစ်တိုက်ခိုက်မှု စွမ်းရည်တွေကို ဆွေးနွေးဖို့ အောက်တိုဘာ ၁၇ ရက်မှာ ဇလန်းစကီးနဲ့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်တို့ တွေ့ဆုံမှာ ဖြစ်ပါတယ်။
ယူကရိန်းအစိုးရကို တာဝေးပစ် တိုမာဟော့ခ်ဒုံးကျည်တွေ ထောက်ပံ့မှု အလားအလာနဲ့ ပတ်သက်ပြီး ပြင်းထန်တဲ့ ဆွေးနွေးပွဲတွေအတွင်း ပြီးခဲ့တဲ့ သီတင်းပတ်ကုန်ရက်က ခေါင်းဆောင်တွေဟာ ၂ ကြိမ် ပြောဆိုခဲ့ကြပါတယ်။
Source: Reuters




