
ရုရှားကိုယ်စား လျှို့ဝှက်လုပ်ကြံဖို့ စီစဉ်နေတယ်လို့ သံသယဖြစ်စရာ လူ ၈ ယောက်ကို ပိုလန်နဲ့ ရိုမေးနီးယားတို့က ဖမ်းဆီးထိန်းသိမ်းထားကြောင်း အောက်တိုဘာ ၂၁ ရက်မှာ ဝါဆောအာဏာပိုင် တွေက ပြောကြားခဲ့ပြီး အခုတကြိမ်မှာတော့ ယူကရိန်းကို ဖောက်ခွဲရေး ပါဆယ်ထုပ်တွေ ပို့မယ့် အစီအစဉ်သစ်ကို လုပ်ဆောင်နေတယ်ဆိုတာနဲ့ ပတ်သက်နေတဲ့ ဖမ်းဆီးမှု ၃ ခု ပါဝင်နေတာ ဖြစ်ပါတယ်။
ရိုမေးနီးယား ရာဇ၀တ်မှု နှိမ်နင်းရေးတပ်ဖွဲ့ DIICOT က အောက်တိုဘာ ၁၆ ရက်က ယူကရိန်းနိုင်ငံသား ၂ ယောက်ကို ဖောက်ခွဲဖျက်ဆီးဖို့ ကြိုးပမ်းမှု သံသယနဲ့ ဖမ်းဆီးခဲ့ကြောင်း အတည်ပြုခဲ့ပါတယ်။
ဥရောပအာဏာပိုင်တွေဟာ ၂၀၂၄ ခုနှစ်က DHL နဲ့ DPD ကနေ ဥရောပကို သယ်ဆောင်လာတဲ့ ပါဆယ်ထုပ်တွေ ဖောက်ခွဲမှုအတွက် ရုရှားကို အရင်က အပြစ်တင်ခဲ့ပါတယ်။
အဲဒီကိစ္စမှာ အမေရိကန်ပြည်ထောင်စုကို ရောက်လာမယ့် ကုန်တင်လေယာဉ်တွေကို ဖောက်ခွဲဖို့ ရုရှားရဲ့ အကြံအစည်တခုအတွက် စမ်းသပ်မှု တစိတ်တပိုင်းဖြစ်ကြောင်း လုံခြုံရေးဌာနတွေက ပြောခဲ့ပါတယ်။ ရုရှားကတော့ ဒီလိုအစီအစဉ်မျိုး မရှိကြောင်း ငြင်းဆိုထားပါတယ်။
Source: Reuters


