
ယူဂန်ဒါနိုင်ငံ၊ ကီရ်ယန်ဒွန်ဂိုခရိုင်ရှိ ကမ်ပါလာ ဂူလူ အဝေးပြေးလမ်းမကြီးပေါ်မှာ အောက်တိုဘာ ၂၂ ရက်က ညသန်းခေါင်ကျော်ပြီးချိန်လောက်မှာ ဘတ်စ်ကား ၂ စီး ခေါင်းချင်းဆိုင် တိုက်မိခဲ့ပြီး လူပေါင်း ၄၆ ယောက် သေဆုံးခဲ့ပါတယ်။
ကနဦးသတင်းတွေအရ သေဆုံးသူ ၆၃ ယောက်လို့ ထုတ်ပြန်ခဲ့ပေမဲ့ သေဆုံးပြီလို့ ထင်မြင်ယူဆခဲ့တဲ့ သတိလစ် မေ့မြောနေသူတွေ ရှိခဲ့တာကြောင့် ယူဂန်ဒါရဲတပ်ဖွဲ့က နောက်ပိုင်းမှာ ၄၆ ယောက်အထိ ပြန်လည်ပြင်ဆင်ခဲ့ပါတယ်။
ကနဦး စုံစမ်းစစ်ဆေးမှုတွေအရ မျက်နှာချင်းဆိုင်လမ်းကြောင်းတွေကနေ မောင်းနှင်လာကြတဲ့ ဘတ်စ်ကား ၂ စီးဟာ လော်ရီကားတစီးနဲ့ SUV မော်တော်ကားတို့ကို အသီးသီး ကျော်တက်ဖို့ ကြိုးစားကြရင်းမှာပဲ ဘတ်စ်ကား ၂ စီးက ခေါင်းချင်းဆိုင်တိုက်မိခဲ့တာ ဖြစ်ပါတယ်။
မတော်တဆမှု ဖြစ်ပွားခဲ့တဲ့နေရာနဲ့ မဝေးလှတဲ့နေရာမှာ ဇန်န၀ါရီလ အထွေထွေရွေးကောက်ပွဲ အတွက် မဲဆွယ်စည်းရုံးနေတဲ့ သမ္မတ ယိုဝယ်ရီ မူဆက်ဗနီက သေဆုံးသူတွေအတွက် ဝမ်းနည်းကြောင်း ပြောကြားခဲ့ပါတယ်။
Source: Reuters




