Home
မြန်မာသတင်း
မိုင်းလုံမြို့နယ် မာန်စန်းကျေးရွာကို စစ်ကောင်စီဗုံးကြဲ၊ ကလေးအပါအဝင် ၂ ဦးဒဏ်ရာရ
DVB
·
October 22, 2025

ရှမ်းပြည်နယ်မြောက်ပိုင်းက မိုင်းလုံမြို့နယ် မာန်စန်းကျေးရွာကို ဒီနေ့ အောက်တိုဘာ ၂၂ ရက် မနက်အစောပိုင်းမှာ စစ်ကောင်စီတပ် ဗုံးကြဲတာကြောင့် ကလေးတယောက်အပါအဝင် ၂ ယောက် ဒဏ်ရာရတယ်လို့ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) ဆီက သိရပါတယ်။

မနက်အစောပိုင်း ၁၂ နာရီ ၂၀ မိနစ်အချိန်မှာ တော့ဆန်အုပ်စု မာန်စန်းကျေးရွာကို ပေါင် ၂၅၀ ဗုံး ၂ လုံးကြဲချတာကြောင့် နေအိမ် ၄ လုံးပျက်စီးပြီး ၂ ယောက် ဒဏ်ရာရခဲ့တာလို့ ဆိုပါတယ်။

မိုင်းလုံမြို့နယ် TNLA  အရာရှိတေယာက်က “မာန်စန်းရွာကို ဗုံး ၂ လုံးကြဲတာမှာ ကလေးတဦးနဲ့ အမျိုးသမီးတဦးဒဏ်ရာရတယ်” လို့ DVB ကို ပြောပါတယ်။

ဒဏ်ရာရသူတွေဟာ အသက် ၉ နှစ်အရွယ် မိုင်းရွှေစံနဲ့ အသက် ၃၅ နှစ်အရွယ် မလွေးထွေးဟန်တို့ ဖြစ်တယ်လို့လည်း သူကဆိုပါတယ်။

မနေ့ကလည်း မိုးကုတ်မြို့က ဖူဆယ်ဘောလုံးကွင်းကို စစ်ကောင်စီတပ်က ဗုံးကြဲချတာကြောင့် ကလေး ၃ ယောက် သေဆုံးပြီး ၁၂ ယောက် ဒဏ်ရာရတယ်လို့ TNLA က ဆိုပါတယ်။

စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် အောက်တိုဘာ ၁ ရက်ကနေ ၂၂ ရက်အထိ ကလေး ၁၃ ယောက်အပါအဝင် သေဆုံးသူ ၄၁ ယောက်ရှိပြီး ၆၇ ယောက် ဒဏ်ရာရတယ်လို့ တအာင်းအမျိုးသမီးအဖွဲ့အစည်းက ထုတ်ပြန်ထားပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013