
ဂါဇာကမ်းမြောင်တောင်ပိုင်း ခန်းယိုးနစ်စ်မြို့က အပျက်အစီးတွေထဲမှာ အစ္စရေးဓားစာခံတွေရဲ့ အလောင်းတွေကို ရှာဖွေဖို့ အောက်တိုဘာ ၁၈ ရက်မှဦ ဘူဒိုဇာတွေနဲ့ ရှင်းလင်းနေပါတယ်။
အောက်တိုဘာ ၁၇ ရက်နဲ့ ၁၈ ရက်နေ့ ရှာဖွေရေးလုပ်ဆောင်နေတဲ့နေရာမှာ စက်ယန္တရားကြီးတွေကို တွေ့မြင်ရတာဖြစ်ပြီး ၂၀၂၃ ခုနှစ် အောက်တိုဘာ ၇ ရက်က တိုက်ခိုက်မှုအတွင်း ဟားမာ့စ်တွေ ဖမ်းဆီးခေါ်ဆောင်သွားပြီးနောက် သေဆုံးခဲ့ရတဲ့ အစ္စရေးဓားစာခံတွေရဲ့အလောင်းတွေကို ရှာဖွေရေး ဆက်လုပ်နေတာဖြစ်ပါတယ်။
ဂါဇာကမ်းမြောင်က ၂ နှစ်ကြာစစ်ပွဲကို အဆုံးသတ်ဖို့ ရည်ရွယ်ပြီး အစ္စရေးနဲ့ ဟားမတ်စ်တို့အကြား အမေရိကန် ကြားဝင်အကျိုးဆောင်ခဲ့တဲ့ သဘောတူညီချက်အရ ဟားမာ့စ်တွေဟာ အသက်ရှင်ကျန်ရှိတဲ့ ဓားစာခံ အယောက် ၂၀ နဲ့ သေဆုံးသွားတဲ့ ဓားစာခံ ၂၈ ယောက်တို့ကို လွှတ်ပေးပြီးတော့ အပြန်အလှန်အားဖြင့် ပါလက်စတိုင်း အကျဉ်းသား ၂,၀၀၀ နီးပါးကို အစ္စရေးက ပြန်လွှတ်ပေးခဲ့ပါတယ်။
ဟားမာတ်စ်ဟာ အခုချိန်အထိ ရုပ်အလောင်း ၁၀ လောင်းကို လွှဲပြောင်းပေးအပ်ခဲ့ပြီး အဲဒီထဲမှာ အစ္စရေးဓားစာခံလို့ မခွဲခြားရသေးတဲ့ အလောင်းတလောင်းလည်း ပါဝင်ကြောင်း အစ္စရေးစစ်တပ်က အောက်တိုဘာ ၁၅ ရက်မှာ ပြောကြားခဲ့ပြီး ဂါဇာမှာ ဓားစာခံ ၁၉ ယောက်ရဲ့ ရုပ်အလောင်းတွေ ကျန်ရှိနေပါသေးတယ်။
Source: Reuters




