
ဂါဇာဒေသကို တနေ့ အစားအသောက် တန်ချိန် ၅၆၀ ဝင်ရောက်နေပေမဲ့ လိုအပ်ချက်တွေရှိနေဆဲ ဖြစ်တယ်လို့ ကုလသမဂ္ဂက ပြောပါတယ်။
အစ္စရေးနဲ့ ဟားမတ်စ်အပစ်အခတ်ရပ်ဆဲရေး သဘောတူညီချက်ရပြီးကတည်းက တနေ့ကို အစားအသောက်တန်ချိန် ၅၆၀ တင်သွင်းခဲ့တာဖြစ်ပေမဲ့ ပိုပြီးလိုအပ်နေတယ်လို့ ဆိုပါတယ်။
“အစားအသောက်တင်ပို့တာက လိုအပ်တာထက် နည်းနေပါသေးတယ်။ ဒါပေမဲ့ အခုက ကူညီခွင့်ရနေပါသေးတယ်။ အပစ်အခတ်ရပ်စဲရေးက ကျနော်တို့ကို ဒီလို အခွင့်အရေးတွေရှိ နေတာပါ။ WFP က အစားအသောက်ပံ့ပိုးမှုတွေ မြန်မြန်လုပ်နိုင်ဖို့ ကြိုးစားနေပါတယ်” လို့ ကမ္ဘာ့စားနပ်ရိက္ခာအစီစဉ် WFP ပြောရေးဆိုခွင့်ရှိသူက ရိုက်တာကို ပြောပါတယ်။
WFP ရဲ့ ပြောကြားချက်အရ အစားအသောက်ဖြန့်ဖြူးတာတွေက ဂါဇာမြို့ထဲကို မရောက်နိုင်သေး ကြောင်း သိရပါတယ်။
အစ္စရေးနဲ့ထိစပ်နေတဲ့ ဇီကင်နဲ့ အီရက်ဇ် နယ်စပ်ကို ပိတ်ထားဆဲဖြစ်တာကို ထောက်ပြထားပြီး ဂါဇာမြောက်ပိုင်းမှာ လူသားချင်းစာနာမှုအကူအညီတွေ အလိုအပ်ဆုံးဖြစ်တယ်လို့လည်း ဆိုပါတယ်။
စစ်ပွဲကြောင့် လမ်းတွေပျက်စီးနေပြီး သွားလာရခက်ခဲတာတွေကြောင့် ဂျုံနဲ့ အသင့်စား အစားအစာတွေ ရောက်ရှိဖို့ ခက်ခဲနေပါတယ်။
အောက်တိုဘာ ၁၆ ရက်က ဂါဇာကို ကုန်တင်ကား ၉၅၀ ဝင်ရောက်ခဲ့ပြီး အလှူရှင်တွေ၊ ကုလရဲ့ ပူးပေါင်းမှုနဲ့ ကီရင်ရှလွန်းနဲ့ ကစ်ဆူဖင်ကနေ ဖြတ်သန်းမှုတွေ ပြုလုပ်ခဲ့ရပါတယ်။
အောက်တိုဘာ ၁၅ ရက်က လောင်စာတွေ၊ ဂတ်စ်တွေ သယ်ဆောင်လာတဲ့ ကား ၁၆ စီးအပါအဝင် ကုန်တင်ကားပေါင်း ၇၁၆ စီး ဂါဇာကို ဝင်ရောက်ခဲ့ပါတယ်။
အကူအညီပေးတဲ့ ကားတွေရဲ့၃ ပုံ ၁ ပုံဟာ ကုလသမဂ္ဂရဲ့ အစီအစဉ်နဲ့ ဝင်ရောက်တာဖြစ်တယ်လို့ ဆိုပါတယ်။
Source:Reuters




