
ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ဒါကာမြို့တော်ရှိ ဟဇ်ရတ်ရှားဂျလာလ် အပြည်ပြည်ဆိုင်ရာ လေဆိပ်ရဲ့ ကုန်တင်ကုန်ချဂိတ်မှာ အောက်တိုဘာ ၁၈ ရက်က မီးလောင်မှုဖြစ်ပွားခဲ့လို့ လေယာဉ်ခရီးစဉ်အားလုံးကို ရပ်ဆိုင်းလိုက်ရကြောင်း သည်ဒေးလီးစတား ပြည်တွင်းသတင်းစာက ရေးပါတယ်။
ဘင်္ဂလားဒေ့ရှ်မီးသတ်ဌာနနဲ့ အရပ်ဘက်ကာကွယ်ရေးဌာနမှ ထုတ်ပြန်တဲ့ ဗီဒီယိုဖိုင်ထဲမှာ အရေးပေါ်ဝန်ဆောင်မှုအဖွဲ့တွေနဲ့ အာဏာပိုင်တွေဟာ မီးလောင်ကျွမ်းနေတဲ့နေရာမှာ ရောက်ရှိနေတာကို မြင်တွေ့ရပြီး မီးလောင်မှု အရှိန်ပြင်းလာပြီး မီးလောင်ကျွမ်းနေတဲ့ အဆောက်အဦပေါ်မှာ မီးခိုးလုံးတွေ သိပ်သိပ်သည်းသည်း ထိုးတက်နေပါတယ်။
မီးသတ်တပ်ဖွဲ့ ၃၆ ဖွဲ့ဟာ မီးတောက်တွေကို ငြှိမ်းသတ်နေကြတယ်လို့ မီးသတ်ဌာနနဲ့ ပြည်သူ့ကာကွယ်ရေး အရာရှိ တာလ်ဟာဘင် ဇာဆင်မ်က ပြောပါတယ်။
လေယာဉ်တွေ အားလုံးဘေးကင်းကြောင်းလည်း အတည်ပြုထားပါတယ်။ အခြေအနေတွေ တိုးတက်လာတာနဲ့အမျှ နောက်ထပ် သတင်းထုတ်ပြန်ပေးသွားမယ်လို့ လေဆိပ် ပြောရေးဆိုခွင့်ရှိသူကို ကိုးကားပြီး သတင်းစာမှာ ဖော်ပြထားပါတယ်။
Source: Reuters




