
ဘင်္ဂလားဒေ့ရှ်နိုင်ငံ မြို့တော်ဒါကာမှာ အောက်တိုဘာ ၁၅ ရက်က လူ ၁၆ ယောက်ထက်မနည်း သေဆုံးခဲ့ရတဲ့ စက်ရုံမီးလောင်မှုကို မီးသတ်သမားတွေက ကြိုးစား ငြှိမ်းသတ်နေရပါတယ်။
မြို့တော်ဒါကာက မီယာပူရ် ဧရိယာမှာရှိတဲ့ ၇ ထပ်စက်ရုံရဲ့ တတိယထပ်မှာ မွန်းတည့်ချိန်က မီးလောင်မှုဖြစ်ခဲ့တာပါ။
အရောင်ချွတ်ဆေးမှုန့်၊ ပလတ်စတစ်နဲ့ ဟိုက်ဒရိုဂျင်ပါအောက်ဆိုဒ် သိုလှောင်ထားတဲ့ ဓာတုဂိုထောင်ဆီ မီးက ကူးစက်သွားတယ်လို့ တခြားမီးသတ်ဌာန တာဝန်ရှိသူ တယ်လ်ဟာဘင်ဂျက်စ်ဟင်မ်က ပြောပါတယ်။
မီးလောင်ရတဲ့ အကြောင်းရင်းကို ချက်ချင်းမသိရသေးပါဘူး။ အထည်ချုပ် ကုမ္ပဏီကြီးတွေ အတွက် လက်ခွဲ ကန်ထရိုက်တာဖြစ်တဲ့ အန်ဝါဖက်ရှင်စ်ရဲ့ ဝင်ပေါက်နဲ့ အိမ်ခေါင်မိုးတံခါးတွေကို သော့ခတ်ထားလို့ အလုပ်သမားတွေဟာ အဆိပ်သင့်မီးခိုးငွေ့တွေကနေ လွတ်မြောက်ဖို့ တားဆီးခံထားရသလို ဖြစ်နေတယ်လို့ ပျောက်ဆုံးနေတဲ့ အလုပ်သမားတွေရဲ့ ဆွေမျိုးတွေနဲ့ မျက်မြင်သက်သေတွေက ပြောပါတယ်။
ဒါကာဆေးကောလိပ်ဆေးရုံရဲ့ ရင်ခွဲဆောင်မှာ ဆွေမျိုးတွေ စုရုံးနေကြပြီး သေဆုံးသူဦးရေ တိုးလာမှာကို တာဝန်ရှိသူတွေက စိုးရိမ်နေကြပါတယ်။
ပျောက်ဆုံးနေတဲ့ မိသားစုဝင်တွေရဲ့ ဓာတ်ပုံတွေကို ကိုင်ဆောင်ထားတဲ့ စိုးရိမ်သောကကြီးနေတဲ့ ဆွေမျိုးတွေက အနားမှာ စုရုံးနေတုန်း ရဲတပ်ဖွဲ့၊ စစ်တပ်နဲ့ အရန်တပ်ဖွဲ့တွေက ဧရိယာပြင်ပကို ပိတ်ဆို့ထားပါတယ်။
စက်ရုံတွေနဲ့ ကပ်လျက် ဂိုထောင်တခုဟာ လူနေထူထပ်တဲ့ လူနေရပ်ကွက်တခုမှာ တည်ရှိပြီး အနားမှာလည်း အလားတူ စက်မှုဇုန်တွေ အများအပြား လုပ်ငန်းလည်ပတ်နေပါတယ်။
Source: Reuters




