
ရုရှားသမ္မတ ပူတင်ဟာ ဟန်ဂေရီနိုင်ငံကို ခရီးထွက်မှာဖြစ်တာကြောင့် ဥရောပလေကြောင်း ကန့်သတ်ထားမှုတွေက ရှုပ်ထွေးနိုင်ကြောင်း ကျွမ်းကျင်သူတွေက သုံးသပ်ပါတယ်။
ပူတင်ဟာ ဘူဒါပတ်မှာ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်မ့်နဲ့ တွေ့ဆုံမှာ ဖြစ်ပြီး အဲ့ဒီ ခရီးအစီအစဉ်က သူ့အတွက် ဥရောပလေပိုင်နက် ကန့်သတ်ထားမှုနဲ့ ရင်ဆိုင်ရ ဖွယ်ရှိပါတယ်။
ရုရှားက ယူကရိန်းကို ကျူးကျော်စစ် စတင်ဆင်နွှဲကတည်းက ဥရောပဟာ ရုရှားလေယာဉ်တွေ ပျံသန်းခွင့် ပိတ်ပင်ထားတာဖြစ်တာကြောင့် ပူတင်ဟာ လေကြောင်းလိုင်းကို ရွေးချယ်ရမယ်လို့ ဆက်သွယ်ရေး ဒါရိုက်တာက ပြောပါတယ်။
ပူတင်ဟာ ဒီခရီးစဉ်အတွက် ဥရောပအဆင့် ဒါမှမဟုတ် နိုင်ငံကတာအဆင့် လေကြောင်း ပျံသန်းခွင့် တောင်းခံဖို့ လိုအပ်ပြီး အဲ့လိုတောင်းခံဖို့ ဆုံးဖြတ်ရမှာဖြစ်တယ်လို့လည်း Flightradar24 ဒါရိုက်တာပက်ချီနစ်က ပြောပါတယ်။
ပက်ချီနစ်ရဲ့ အဆိုအရ ဟန်ဂေရီကို အတိုဆုံးနည်းလမ်းက ပိုလန်နဲ့ စလိုဗက်ကီးယားနိုင်ငံတို့ပေါ်က ဖြတ်သန်းရမှာဖြစ်ပါတယ်။
အရှည်ဆုံးလမ်းကြောင်းကတော့ တောင်ပိုင်း ပင်လယ်နက်ကနေ ရိုမေးနီးယားကို ဖြတ်ပြီး ဥရောပကို ဝင်ရောက်တာဖြစ်ပါတယ်။
တောင်ပိုင်းလမ်းကြောင်းဟာ မြောက်ပိုင်းလမ်းကြောင်းထက် ၂ ဆ လောက်ရှိပေမဲ့ ပူတင်ရဲ့ လေယာဉ်ဟာ ဆီထည့်စရာ မလိုဘဲ ခရီးဆက်နိုင်တယ်လို့ ပက်ချီနစ်က ပြောပါတယ်။
ပူတင်နဲ့ ၂ ပတ်အတွင်း ဘူဒါပတ်မှာ တွေ့မယ်လို့ ထရမ့်ပ်က အောက်တိုဘာ ၁၆ ရက်မှာ ပြောကြားထားပါတယ်။
အမေရိကန်ဟာ ယူကရိန်းကို တိုမဟော့တာဝေးပစ်ဒုံးကျည်များ ပေးမယ်လို့ ပြောခဲ့ဖူးပေမဲ့ ဒီတွေ့ဆုံမှုဟာ စစ်ပွဲအရှိန် ပြေလျော့စေမယ့် ပုံပေါ်ကြောင်း ရိုက်တာက ဖော်ပြပါတယ်။
ပူတင်နဲ့ ထရမ့်ပ် တွေ့ဆုံမှုအတွက် ဟန်ဂေရီနိုင်ငံကို ရွေးချယ်လိုက်တာက ရုရှားကို သီးခြား ဖြစ်အောင် ဆောင်ရွက်ပြီး ယူကရိန်းနိုင်ငံကို ကူညီပေးနေတဲ့ နိုင်ငံထဲမှာ ပြုလုပ်ခဲ့တာဖြစ်လို့ သံတမန်တွေနဲ့ လေ့လာသူတွေအကြား အံ့အားသင့်စရာဖြစ်ခဲ့ ပါတယ်။
ဘူဒါပတ်မှာ ၁၉၉၄ ခုနှစ်တုန်းက အမေရိကန်၊ ဗြိတိန်၊ ရုရှားတို့ဟာ ဘူဒါပတ် သဘောတူညီမှုစာချုပ် မှာ လက်မှတ်ရေးထိုးခဲ့ပြီး ယူကရိန်းနိုင်ငံရဲ့ နျူကလီးယားစွန့်လွှတ်မှုအတွက် လုံခြုံရေးအာမခံချက် ပေးခဲ့ကြ တဲ့နေရာဖြစ်ပါတယ်။
ဒါပေမဲ့ ရုရှားက ၂၀၂၂ ခုနှစ်မှာ ကျူးကျော်စစ် ဆင်နွှဲပြီး စာချုပ်ကို ဖောက်ဖျက်ခဲ့တာ ဖြစ်ပါတယ်။
Source:Reuters




