
နျူကလီးယားပိုင် နိုင်ငံတနိုင်ငံက နျူကလီးယားစမ်းသပ်မှု လုပ်မယ်ဆိုရင် ရုရှားကလည်း အလားတူ လုပ်ဆောင်မှာဖြစ်တယ်လို့ ရုရှားသမ္မတ ဗလာဒီမာ ပူတင်က အောက်တိုဘာ ၂ ရက်မှာ ရုရှားနိုင်ငံတောင်ပိုင်း ညီလာခံတခုမှာ ပြောကြားလိုက်ပါတယ်။
မော်စကိုဟာ အမည်မဖော်လိုတဲ့နိုင်ငံတနိုင်ငံက နျူကလီးယားစမ်းသပ်မှုတွေ လုပ်ဆောင်ဖို့ ပြင်ဆင်နေတယ်ဆိုတဲ့ လက္ခဏာတွေကို တွေ့ရှိထားကြောင်း ပြောကြားခဲ့ပြီး နောက်မှာ ခုလိုပြောလိုက်တာပါ။
လာမယ့်နှစ်မှာ အဓိကလက်နက်ထိန်းချုပ်ရေးစာချုပ် သက်တမ်းကုန်ဆုံးချိန်မှာ နျူကလီးယား ထိပ်ဖူးအရေအတွက် ကန့်သတ်ချက်တွေကို အလိုအလျောက် ဆက်တိုးသွားဖို့ အမေရိကန်ကို ပူတင်က ထပ်မံကမ်းလှမ်းခဲ့ပြီး ဝါရှင်တန်ကလည်း အလားတူ လုပ်ဆောင်နိုင်တယ်လို့ ဆိုပါတယ်။
အမေရိကန်နဲ့ တွေ့ဆုံဆွေးနွေးရေးက ရှုပ်ထွေးနေသေးတယ်လို့ ပူတင်က ပြောဆိုထားပြီး ဘယ်လို လက်နက်ထိန်းချုပ်ရေး ဆွေးနွေးပွဲအသစ်တွေမှာမဆို ထည့်သွင်းစဉ်းစားသင့်တဲ့ အချက်တွေထဲမှာ တခုက ရုရှားမှာ အောရက်ရှ်နစ်ခ် ဒုံးကျည်စနစ် အသစ်တခုရှိတယ် ဆိုတာပဲလို့လည်း ပြောဆိုပါတယ်။
အမေရိကန်က New START စာချုပ်ကို ဖျက်သိမ်းခြင်းအပေါ် သဘောတူညီမှု မပြုလုပ်လိုဘူးလို့ ဆုံးဖြတ်လိုက်ရင် ရုရှားဟာ သူ့ကိုယ်ပိုင် နျူကလီးယား အကာအကွယ်ကို ယုံကြည်မှုရှိကြောင်း ပူတင်က ပြောပါတယ်။
တကယ်လို့ တရုတ်နိုင်ငံက အနာဂတ် နျူကလီးယားလက်နက် ထိန်းချုပ်ရေးစာချုပ်မှာ လက်မှတ်ရေးထိုးလိုက်ပြီဆိုရင် ဗြိတိန်နဲ့ ပြင်သစ်တို့ရဲ့ နျူကလီးယားလက်နက်တွေကိုလည်း ထည့်သွင်းစဉ်းစားသင့်တယ်လို့ ပူတင်က ပြောပါတယ်။
Source: Reuters




