Home
နိုင်ငံတကာ
စစ်ပွဲ ချက်ချင်းရပ်တန့်ရန် ပူတင်နှင့် ဇလန်းစကီးကို ထရမ့်ပ်ပြော 
DVB
·
October 18, 2025
Photo :Reuters

တိုက်ပွဲဖြစ်ပွားနေတဲ့နေရာမှာ စစ်ကို ချက်ချင်း ရပ်တန့်ဖို့  ပူတင်နဲ့ ဇလန်းစကီးကို အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က ပြောပါတယ်။ 

ထရမ့်ပ်ဟာ ယူကရိန်းသမ္မတ ဇလန်းစကီးနဲ့ အောက်တိုဘာ ၁၇ ရက်က အိမ်ဖြူတော်မှာ တွေ့ဆုံခဲ့ပြီး ၂ ယောက်စလုံးကို အခုလို့ ပြောခဲ့တာဖြစ်ပါတယ်။ 

ဖလော်ရီဒါကို ရောက်ရှိချိန် ထရမ့်ပ်က “ယူကရိန်း-ရုရှားစစ်က ရပ်တန့်ရမှာပါ။ ၂ ဘက်စလုံးက အခု ရောက်နေတဲ့ နေရာမှာပဲ ရပ်တန့်ရမှာပါ။ ဒါမှ မဟုတ်ရင် အရမ်းရှုပ်ထွေးကုန်လိမ့်မယ်။ ဒီပြဿနာ တွေကို ရှင်းဖို့ လွယ်ကူတော့မှာ မဟုတ်ပါဘူး” လို့ သတင်းထောက်တွေနဲ့ တွေ့တဲ့အချိန် ပြောတယ်။ 

ယူကရိန်းကို တိုမဟော့ ဒုံးကျည်တွေ ပေးအပ်မယ့်ကိစ္စနဲ့ ပတ်သက်ပြီး ငြင်းပယ်တာမျိုး မရှိပေမဲ့ ရုရှားသမ္မတ ပူတင်နဲ့တွေ့ဆုံမယ့်အရေးကိုပဲ အာရုံစိုက်ထားပုံရပါတယ်။ 

ထရမ့်ပ်ဟာ လာမယ့် ရက်သတ္တပတ်  ရုရှားသမ္မတ ပူတင်နဲ့ ဟန်ဂေရီမှာ တွေ့ဆုံဖွယ်ရှိပါတယ်။ 

ထရမ့်ပ်ဟာ ဇလန်းစကီးနဲ့ ၂ နာရီကြာ တွေ့ဆုံဆွေးနွေးပြီးနောက် “ သတ်ဖြတ်မှုတွေ ရပ်တန့်ပါ။ သဘောတူညီချက် ရယူပါ” ဆိုပြီး လူမှုကွန်ယက်မှာ ရေးသားထားပါတယ်။ ‌

ယူကရိန်းသမ္မတ ဇလန်းစကီးကလည်း ထရမ့်ပ်ဟာ ဒီစစ်ပွဲကို အဆုံးသတ်ဖို့ ယုံကြည်တယ်လို့ ပြောဆိုထားပါတယ်။

သတင်းထောက်တွေနဲ့ တွေ့ချိန်မှာ တာဝေးပစ်လက်နက်တွေနဲ့ ပတ်သက်ပြီး ဇလန်းစကီးက ပြောကြားခဲ့တာမျိုး မရှိပါဘူး။ အမေရိကန်က စစ်ပွဲအရှိန်မြှင့်တက်စေမယ့် လုပ်ဆောင်မှုမျိုးကို လုပ်ဆောင်ဖို့ ဆန္ဒမရှိဘူးဆိုတာပဲ ဇလန်းစကီးက ပြောဆိုခဲ့ပါတယ်။ 

Source:Reuters

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024