
ပိုလန်အသင်းအတွက် ကစားစဉ်မှာ တံကောက်ကြောဒဏ်ရာ ရရှိခဲ့တဲ့ ဘာစီလိုနာတိုက်စစ်မှူး လီဝန်ဒေါစကီးဟာ ရီးရဲလ်မက်ဒရစ်နဲ့ အယ်လ်ကလက်စီကို ဒါဘီပွဲစဉ်ကို လွဲချော်ဖို့ ရှိပါတယ်။
အသက် ၃၇ နှစ်ရှိ ပိုလန်တိုက်စစ်မှူးဟာ လစ်သူရေးနီးယားကို အနိုင်ရတဲ့ပွဲမှာ တဂိုးသွင်းခဲ့ပြီး ပွဲချိန်ပြည့် ကစားခဲ့ပေမဲ့ တံကောက်ကြောဒဏ်ရာ ရရှိခဲ့တာပါ။
ဘာစီလိုနာဘက်ကလည်း လီဝန်ဒေါစကီး တံကောက်ကြောဒဏ်ရာ ရရှိခဲ့တာကို အတည်ပြုသွားပြီး ဒဏ်ရာသက်သာလာမယ့် အခြေအနေအပေါ် မူတည်ပြီး ပြန်ကစားနိုင်မယ့်ရက် သိရှိနိုင်မှာဖြစ်ကြောင်း သတင်းထုတ်ပြန်ပါတယ်။
ဘာစီလိုနာဟာ လာမယ့် အောက်တိုဘာ ၁၈ ရက်မှာ ဂီရိုနာနဲ့ ကစားရမှာဖြစ်ပြီး အောက်တိုဘာ ၂၁ ရက်မှာ အိုလံပီယာကော့စ်နဲ့ ချန်ပီယံလိဂ်ပွဲစဉ်တွေ ကစားရမှာပါ။
အဲဒီနောက် အောက်တိုဘာ ၂၆ ရက်မှာ ရီးရဲလ်နဲ့ ဒါဘီပွဲစဉ် ယှဉ်ပြိုင်ကစားသွားရမှာ ဖြစ်ပါတယ်။
Photo: Reuters


