
ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇလန်းစကီးဟာ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်နဲ့ လာမယ့် သောကြာနေ့ အောက်တိုဘာ ၁၇ ရက်မှာ တွေ့ဆုံဖို့ရှိပါတယ်။
ဒီတွေ့ဆုံမှုမှာ ယူကရိန်းရဲ့ လေကြောင်းရန်ကာကွယ်ရေးနဲ့ လက်နက်သစ်တွေ ရရှိရေးကို အဓိကထား ဆွေးနွေးသွားမှာ ဖြစ်ပါတယ်။
ခေါင်းဆောင် ၂ ယောက်ဟာ ပြီးခဲ့တဲ့ စနေ၊ တနင်္ဂနွေနေ့တွေက ဖုန်းနဲ့ ဆက်သွယ်ဆွေးနွေးခဲ့ကြပြီး အမေရိကန်က ယူကရိန်းကို တာဝေးပစ် တိုမာဟော့ခ် ဒုံးကျည်တွေ ပေးအပ်ရေးကို အလေးထား ပြောဆိုခဲ့ကြပါတယ်။
သောကြာနေ့တွေ့ဆုံမှု မတိုင်ခင်မှာ ယူကရိန်းဝန်ကြီးချုပ် ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ဟာလည်း ဝါရှင်တန်မှာ အကြိုညှိနှိုင်းမှုတွေ ပြုလုပ်သွားမှာ ဖြစ်ပါတယ်။
ယူကရိန်းဟာ မော်စကိုကို ရောက်ရှိနိုင်တဲ့ အမေရိကန်လုပ် တာဝေးပစ်ဒုံးကျည်တွေ ရရှိဖို့ တိုက်တွန်းနေတာဖြစ်ပြီး အဲဒီလက်နက်တွေကို စစ်ရေးပစ်မှတ်တွေအတွက်ပဲ အသုံးပြုသွားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။
ဒီလိုလက်နက်တွေ ပေးအပ်လိုက်တာဟာ အခြေအနေကို ပြင်းပြင်းထန်ထန် တင်းမာသွားစေနိုင်တယ်လို့ ရုရှားဘက်ကတော့ သတိပေးထားပါတယ်။
Source: Reuters




