
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်ရဲ့ အမျိုးသားအစောင့်တပ်ဖွဲ့တွေ ချထားမှုကို ဆန့်ကျင်ကန့်ကွက်တဲ့အနေနဲ့ ပေါ့လန်မြို့ခံတွေက ကိုယ်လုံးတီး စက်ဘီးစီး ဆန္ဒပြမှု ပြုလုပ်ခဲ့ပါတယ်။
အော်ရီဂွန်ပြည်နယ်၊ ပေါ့လန်ရှိမှာရှိတဲ့ ရာနဲ့ချီတဲ့ ဒေသခံ စက်ဘီးစီးသမားတွေဟာ ကိုယ်လုံးတီးတွေနဲ့ မိုးသည်းပြီး အေးတဲ့ ရာသီဥတု အခြေအနေမှာ လူဝင်မှုကြီးကြပ်ရေးနဲ့ အကောက်ခွန်ရုံးတို့ဆီ မိုင်ပေါင်းများစွာ စက်ဘီးစီးခဲ့တာပါ။
ပြီးခဲ့တဲ့အပတ်တွေက ထရမ့်ပ်ရဲ့ ပြည်နှင်ဒဏ်ပေးတဲ့ ပေါ်လစီတွေကို အဲဒီရုံးတွေမှာ ဆန္ဒဖော်ထုတ်ခဲ့ဖူးပါတယ်။
ကိုယ်တုံးလုံး စက်ဘီးစီး ဆန္ဒပြအဖွဲ့ ရောက်ရှိလာချိန်မှာ ဒါဇင်နဲ့ချီတဲ့ ရဲအဖွဲ့တွေ လုံခြုံရေးယူထားတယ်လို့လည်း ရိုက်တာက ဖော်ပြပါတယ်။
ပေါ့လန်မြို့က ICE အဆောက်အအုံတွေနားမှာ ဆန္ဒပြမှုတွေ ဖြစ်ပေါ်နေတာကို ထရမ့်ပ်က အဲဒီမြို့မှာ စစ်ပွဲဧရိယာလိုမျိုး ဖြစ်လာဖို့ အလားအလာရှိတယ်လို့ ပြောပြီး အမျိုးသားအစောင့်တပ်ဖွဲ့တွေ စေလွှတ်ခဲ့တာပါ။
အော်ရီဂွန်ပြည်နယ် တရားသူကြီးက တပ်ဖွဲ့တွေချထားတဲ့ ထရမ့်ပ်ရဲ့ ကြိုးစားမှုကို ပိတ်ပင်ခဲ့ပေမဲ့ တခြားတရားရုံးက အာဏာသုံး ပယ်ချခဲ့ပြီး ဒီတပတ်အစောပိုင်းက တပ်တွေချထားဖို့ ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။
ထရမ့်ပ်ဟာ တမင်တကာ တပ်တွေချထားတာဖြစ်တယ်လို့ အော်ရီဂွန်ရဲ့ ဒီမိုကရက်တစ် မြို့တော်ဝန်က စွပ်စွဲထားပါတယ်။
အကြမ်းဖက်မှုနဲ့ အန္တရာယ်ရှိတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ အမျိုးသားအစောင့်တပ်တွေ ချထားတာကို ပေါ့လန်မှာ ငြိမ်းချမ်းစွာ ဆန့်ကျင်ဆန္ဒပြခဲ့တာ ဖြစ်ပါတယ်။
Source: Reuters