Home
နိုင်ငံတကာ
ကမ္ဘာ့အသက်အကြီးဆုံး စစ်တုရင်သမားအတွက် မွေးနေ့အထိမ်းအမှတ် ပြိုင်ပွဲပြုလုပ်
DVB
·
October 13, 2025
Photo: Reuters

အသက် ၁၀၄ နှစ်အရွယ်ရှိ စပိန်စစ်တုရင်ဂန္ထဝင်ကစားသမား မန်နူရယ်အဲဗရက်ဇ်ရဲ့ မွေးနေ့အထိမ်းအမှတ်အဖြစ် အထူးစစ်တုရင်ပြိုင်ပွဲတခု  ပြီးခဲ့တဲ့ရက်က ပြုလုပ်သွားပါတယ်။

မက်ဒရစ်မြို့ရဲ့ ဗယ်ဒီဘာနာဒိုမှာ အဲဗရက်ဇ်ရဲ့ မွေးနေ့အတွက် အထူးပြိုင်ပွဲ ပြုလုပ်ပေးခဲ့ပြီး ပြိုင်ပွဲဝင် ၁၆၀ ကျော် ပါဝင်ယှဉ်ပြိုင်ခဲ့ပါတယ်။

အသက် ၂၂ နှစ်အရွယ်မှာ စစ်တုရင် ပြိုင်ပွဲတွေ ဝင်ရောက်ခဲ့တဲ့ အဲဗရက်ဇ်ဟာ အငြိမ်းစားအင်ဂျင်နီယာတယောက်ဖြစ်ပြီး နှစ်ပေါင်း ၈၀ ကြာ စစ်တုရင်ထိုးခဲ့သူ ဖြစ်ပါတယ်။

စစ်တုရင်ကစားနည်းအပေါ် အာရုံစိုက်မှုနဲ့ အသက်ရှည်မှုတို့က စပိန်စစ်တုရင်အသိုက်အဝန်းအတွက် လေးစားစရာဖြစ်ခဲ့ပါတယ်။

အဲဒီအထိမ်းအမှတ်ပြိုင်ပွဲမှာ အဲဗရက်ဇ်ဟာ ၉ နှစ်အရွယ် ကောင်လေးတယောက်နဲ့ စစ်တုရင် ကစားခဲ့ပါတယ်။

နိုင်ငံတကာစစ်တုရင်ဒိုင်လူကြီး လိုပက်ဇ်က “အဲဗရက်ဇ် အသက် ၈၀ အရွယ်ကတည်းက သူ့အတွက် ချီးကျူးဂုဏ်ပြုပွဲတွေ ကျနော်တို့ လုပ်ပေးခဲ့ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူက စစ်တုရင်အားကစားနဲ့ ပြည်သူတွေအကျိုး အများကြီး ဆောင်ရွက်ခဲ့သူတယောက် ဖြစ်လို့ပါ”လို့ ပြောပါတယ်။

အဲဗရက်ဇ်ဟာ လက်ရှိအချိန်မှာ ကမ္ဘာ့အသက်အကြီးဆုံး စစ်တုရင် ကစားသမားဖြစ်တယ်လို့လည်း လိုပက်ဇ်က ပြောပါတယ်။

မကြာသေးခင်က အဲဗရက်ဇ်ဟာ ဆေးရုံကနေ ပြန်ဆင်းခဲ့ရသူဖြစ်ပြီး သူ့မွေးနေ့မှာ ပါဝင်ဆင်နွှဲခဲ့တာပါ။

Source: Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013