Home
နိုင်ငံတကာ
စပိန်ကို NATO အဖွဲ့ထဲက ထုတ်ပယ်သင့်ဟု ထရမ့်ပ် ပြော 
DVB
·
October 10, 2025
Photo :Reuters

မြောက်အတ္တလန္တိတ်စာချုပ်အဖွဲ့ (NATO) မဟာမိတ်အဖွဲ့ထဲကနေ စပိန်နိုင်ငံကို ထုတ်ပယ်သင့်ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ် ထရမ့်ပ်က ပြောပါတယ်။

အနောက်ဥရောပနိုင်ငံတွေကြား စစ်ရေးအသုံးစရိတ် တိုးမြှင့်မှုနဲ့ ပတ်သက်ပြီး စပိန်နိုင်ငံက သဘောမတူတဲ့အပေါ် ထရမ့်ပ်က မဟာမိတ်အဖွဲ့က ထုတ်ပယ်ဖို့ အကြံပြုခဲ့တာပါ။

NATO အဖွဲ့ဝင်နိုင်ငံတွေဟာ ဇွန်လကစပြီး ပြည်တွင်းထုတ်ကုန်တွေရဲ့ ၅ ရာခိုင်နှုန်းကို စစ်ရေးအသုံးစရိတ်အဖြစ် သုံးဖို့ သဘောတူခဲ့တာ ဖြစ်ပါတယ်။

အမေရိကန်ရဲ့ လုံခြုံရေးအထောက်အပံ့ရထားတဲ့ NATO အဖွဲ့ကို ထရမ့်ပ်က ဥရောပနိုင်ငံတွေ အနေနဲ့ ကိုယ်ပိုင်ကာကွယ်ရေးစနစ်အတွက် ငွေပိုပြီးသုံးဖို့ ထရမ့်ပ်က ဆန္ဒရှိနေပါတယ်။

ဒါပေမဲ့ စပိန်ဝန်ကြီးချုပ် ပီဒရိုဆန်းချက်ဇ်က ၅ ရာခိုင်နှုန်း စစ်ရေးအသုံးစရိတ် အသုံးပြုတာက သူတို့ပြည်သူတွေ သက်သာချောင်ချိရေးနဲ့ သူတို့ရဲ့ ကမ္ဘာ့အမြင်တွေနဲ့ သဟာဇာတမဖြစ်ကြောင်း ပြောထားပါတယ်။

ထရမ့်ပ်ဟာ NATO အဖွဲ့ဝင်နိုင်ငံသစ်ဖြစ်တဲ့ ဖင်လန်သမ္မတနဲ့ အိမ်ဖြူတော်မှာတွေ့ချိန် ဥရောပခေါင်းဆောင်တွေက မဟာမိတ်အဖွဲ့အပေါ် စပိန်နိုင်ငံရဲ့ ယုံကြည်မှုပိုကောင်းလာအောင် ပြုလုပ်ဖို့လိုတယ်လို့ ပြောပါတယ်။

“ဥရောပနိုင်ငံက လူတွေဟာ စပိန်ကို ဆွေးနွေးမှုတွေ စပြီး ပြုလုပ်ဖို့ လိုပါတယ်။ ကာကွယ်ရေးအသုံးစရိတ်ထည့်ဖို့ နောက်ကျနေတာ ဘာကြောင့်လဲဆိုတာ အဖြေရှာရမှာပါ။ ကာကွယ်ရေးအသုံးစရိတ် ထည့်တာနဲ့ ပတ်သက်ပြီး ဆင်ခြေမရှိပါဘူး။ မထည့်နိုင်ဘူးဆိုရင် NATO အဖွဲ့ကနေ ထုတ်ရမှာပါ” လို့ ထရမ့်ပ်က ဖင်လန်သမ္မတနဲ့တွေ့ချိန်မှာ ပြောခဲ့တာပါ။

စပိန်ဟာ NATO အဖွဲ့ကို ၁၉၈၂ ခုနှစ်မှာ ဝင်ရောက်ခဲ့တဲ့နိုင်ငံ ဖြစ်ပါတယ်။ ယူကရိန်းကို ၂၀၂၂ ခုနှစ်က စပြီး ကျူးကျော်စစ် ဆင်နွှဲခဲ့တဲ့ ရုရှားရဲ့ စစ်ရေးပြင်ဆင်မှုတွေကြောင့် NATO အဖွဲ့ဝင် ၃၂ နိုင်ငံဟာ မဟာမိတ်နိုင်ငံတွေ စုပေါင်းပြီး ကာကွယ်ရေးအတွက် အာရုံစိုက်လာခဲ့ပါတယ်။

ရုရှား-ယူကရိန်းစစ်ဟာ ဒုတိယကမ္ဘာစစ်အပြီး ဥရောပမှာ လူသေဆုံးမှုအများဆုံး စစ်ပွဲ ဖြစ်ပါတယ်။

Source: Reuters

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024