
စပိန်နိုင်ငံရဲ့မြို့တော် မက်ဒရစ်မြို့လယ်မှာ အောက်တိုဘာ ၇ ရက်က ဆောက်လုပ်ရေးလုပ်ငန်းခွင်အတွင်း အဆောက်အအုံရဲ့ တစိတ်တပိုင်းပြိုကျခဲ့လို့ လူ ၄ ယောက် ပျောက်ဆုံးနေပြီး ၁၀ ယောက်ထက်မနည်း ဒဏ်ရာရခဲ့ပါတယ်။
စပိန်မြို့တော်ရဲ့ မြို့လယ်ကောင်ရင်ပြင်တခုဖြစ်တဲ့ ပလာဇာမေယာနားမှာ ပြိုကျခဲ့တာလို့ ဒေသန္တရ အာဏာပိုင်တွေက ပြောပါတယ်။
အဲဒီနေရာကို အခု ပိတ်ဆို့ထားပြီး အနီးနားက အဆောက်အအုံတွေကို ဘေးကင်းရာဆီ ရွှေ့ပြောင်းပေးခဲ့ပါတယ်။
ဒဏ်ရာရသူတွေဟာ ဆောက်လုပ်ရေးလုပ်သားတွေဖြစ်ပြီး တယောက်က ခြေထောက်ကျိုးသွားလို့ ဆေးရုံမှာ ဆေးကုသမှုခံယူနေရတယ်လို့ အရေးပေါ်ဌာနက ပြောပါတယ်။
လမ်းမပေါ်မှာ အပျက်အစီးတွေ ပြန့်ကျဲကျတာ မရှိပေမဲ့ ၅ ထပ်ရှိတဲ့ အဆောက်အအုံရဲ့ အထပ်အတော်များများက အတွင်းထဲကို ပြိုကျခဲ့တာလို့ မီးသတ်သမားတွေက ပြောပါတယ်။




