
စပိန်နိုင်ငံ၊ မက်ဒရစ်မြို့တော်က ကော်ဖီဆိုင်မှာ စက်တင်ဘာ ၁၃ ရက်က ပေါက်ကွဲမှုကြောင့် လူ ၂၁ ယောက် ဒဏ်ရာရခဲ့ပြီး ၃ ယောက် ဒဏ်ရာပြင်းထန်တယ်လို့ အရေးပေါ်ဌာနက ပြောပါတယ်။
မက်ဒရစ်မြို့တော်ရဲ့တောင်ဘက် အလယ်ပိုင်းခရိုင် ဘာယဲ့စ်ကာမှာ မွန်းလွဲ ၃ နာရီလောက်က ပေါက်ကွဲခဲ့တာလို့ အရေးပေါ်ဌာနက ပြောကြားခဲ့ပြီး ပေါက်ကွဲရတဲ့ အကြောင်းရင်းကို မသိရသေးပါဘူး။
အပျက်အစီးတွေကို မီးသတ်သမားတွေက ရှင်းနေချိန်မှာ အရေးပေါ်ဌာနက လူမှုကွန်ယက်မီဒီယာ X မှာ သတင်းကို ကြေညာခဲ့ပြီး ဘားရဲ့ တစိတ်တပိုင်းပြိုကျနေတဲ့ မျက်နှာကြက်နဲ့ မြေပြင်ပေါ်မှာ အုတ်ခဲတွေ ပြန့်ကျဲနေတဲ့ ဗီဒီယိုဖိုင်ကို မျှဝေခဲ့ပါတယ်။
တံခါးပေါက်တွေအပြင်ဘက် လမ်းတွေပေါ်မှာ မှန်ချပ်တွေ ပြန့်ကျဲနေပြီး တံခါးတွေလည်း ပတ္တာတွေ ပြုတ်ထွက်ကုန်တာပါ။
အရပ်ဘက်ကာကွယ်ရေးနဲ့ ဆေးဘက်ဆိုင်ရာဌာနတွေက လူ ၂၁ ယောက်ကို ကုသပေးခဲ့ပြီး တုံ့ပြန်မှုကို အထောက်အကူဖြစ်စေဖို့ အနံ့ခံခွေးတွေနဲ့ ဒရုန်းတွေကိုသုံးထားတယ်လို့ သူတို့က ပြောပါတယ်။
Source: Reuters




