
စပိန်နိုင်ငံ၊ မက်ဒရစ်မြို့မှာ စက်တင်ဘာ ၁၄ ရက်က ကျင်းပခဲ့တဲ့ La Vuelta စက်ဘီးစီးပြိုင်ပွဲမှာ ဒါဇင်နဲ့ချီတဲ့ ပါလက်စတိုင်း ထောက်ခံသူတွေက ပွဲတော်အတွင်း စပွန်ဆာကုမ္ပဏီတခုဖြစ်တဲ့ အစ္စရေး ပရီမီယာ တက်ချ် (Israel-Premiere Tech) ကုမ္ပဏီကို ဆန့်ကျင် ဆန္ဒပြခဲ့ကြပါတယ်။
မက်ဒရစ်မှာ နောက်ဆုံး အဆင့် ၂ ဆင့်မှာ ပြီးဆုံးတော့မယ့် ဒီပြိုင်ပွဲအတွင်း ပြိုင်ပွဲဝင်သူတွေဟာ အလားတူ ဆန္ဒပြမှုမျိုးများစွာနဲ့ ကြုံခဲ့ရလို့ အာဏာပိုင်တွေက လုံခြုံရေးကို တင်းတင်းကျပ်ကျပ် ပြုလုပ်ခဲ့ရပါတယ်။
အားကစားပြိုင်ပွဲမှာ “လူမျိုးတုံးသတ်ဖြတ်မှု” ကို ကိုယ်စားပြုတဲ့ အဖွဲ့တဖွဲ့ ထားရှိတာဟာ လက်ခံနိုင်စရာမရှိကြောင်း ဆန္ဒပြသူတွေက ပြောပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာ ၁၂ ရက်က ကျင်းပခဲ့တဲ့ ပွဲစဉ်မှာလည်း သတ်မှတ်ထားတဲ့ ၂၇ ဒသမ ၁ ကီလိုမီတာအစား ၁၂ ဒသမ ၂ ကီလိုမီတာ လမ်းကြောင်းကို ပွဲစီစဉ်သူတွေက ပြောင်းလဲ ကျင်းပခဲ့ရပါတယ်။
ဘီဘာအိုမှာ အဆင့် ၁၁ ပြိုင်ပွဲကို ဆန္ဒပြသူတွေက လမ်းပိတ်ဆို့ ဆန္ဒပြခဲ့လို့ ၃ ကီလိုမီတာနဲ့ ပြိုင်ပွဲ ရပ်တန့်ခဲ့ရပြီး အဆင့် ၁၆ ရဲ့ အဆုံးသတ် သတ်မှတ်နေရာကိုလည်း ပြောင်းလဲခဲ့ရပါတယ်။
Source: Reuters