Home
နိုင်ငံတကာ
ရုရှားနှင့် ယူကရိန်း အပြန်အလှန်တိုက်ခိုက်
DVB
·
October 13, 2025
Photo: Reuters

ရုရှားက ယူကရိန်းရဲ့ စစ်ဘက်ဆိုင်ရာ အဆောက်အအုံတွေကို အောက်တိုဘာ ၁၁ ရက်က ပစ်မှတ်ထား တိုက်ခိုက်ခဲ့ပြီး ရုရှားရေနံချက်စက်ရုံကို ယူကရိန်းက တိုက်ခိုက်ခဲ့ပါတယ်။

ယူကရိန်းစစ်တပ်ကို ထောက်ပံ့ပေးတဲ့ သယ်ယူပို့ဆောင်ရေးနဲ့ စွမ်းအင်ဆိုင်ရာ အခြေခံ အဆောက်အအုံတွေကို ရုရှားတပ်ဖွဲ့တွေက တိုက်ခိုက်ခဲ့တယ်လို့ ရုရှားကာကွယ်ရေးဝန်ကြီးဌာနက အောက်တိုဘာ ၁၁  ရက်မှာ ပြောပါတယ်။

ရုရှားတပ်တွေက ယူကရိန်း စစ်လက်နက်ပစ္စည်းတွေ သိုလှောင်ရာနေရာတွေ၊ ယူကရိန်း တပ်ဖွဲ့ဝင်တွေနဲ့ နိုင်ငံခြား ကြေးစားစစ်သားတွေရဲ့ ယာယီ အခြေစိုက်စခန်းတွေကို တိုက်ခိုက်မှုကြောင့် ရှေ့တန်းစစ်မျက်နှာစာ အမျိုးမျိုးမှာ လူ ၁,၀၀၀ ကျော် သေဆုံး ဒဏ်ရာရခဲ့ပါတယ်။

ရုရှားတပ်တွေက ယူကရိန်းတင့်ကားတွေ၊ သံချပ်ကာယာဉ်တွေ၊ အမြောက်တွေ၊ မော်တော်ယာဉ်တွေနဲ့ တခြားပစ်မှတ်တွေကို ဖျက်ဆီးခဲ့ပြီး ရုရှား လေကြောင်းကာကွယ်ရေးစနစ်တွေက လွန်ခဲ့တဲ့ ၂၄ နာရီအတွင်း ယူကရိန်းရဲ့ ပုံသေတောင်ပံနဲ့ မောင်းသူမဲ့လေယာဉ် ၉၅ စီးကို ပစ်ချခဲ့တယ်လို့ ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ပြောခဲ့ပါတယ်။

ယူကရိန်းတပ်ဖွဲ့တွေက ညသန်းခေါင်ကစပြီး ရုရှားတပ်ဖွဲ့တွေနဲ့ တိုက်ပွဲပေါင်း ၁၀၈ ကြိမ် ဖြစ်ပွားခဲ့ပြီး ရုရှားတပ်ဖွဲ့တွေက ပေါ့ခ်ရော့ဗ်စ်ခ်ဒေသအပေါ် အပြင်းထန်ဆုံး ဖိအားပေးနေတယ်လို့ ယူကရိန်းစစ်တပ်ရဲ့ စစ်ဦးစီးချုပ်က အောက်တိုဘာ ၁၁ ရက်မှာ ပြောပါတယ်။

အူဖာဒေသက ရုရှားရေနံချက်စက်ရုံတရုံကို မောင်းသူမဲ့လေယာဉ်တွေနဲ့ အောက်တိုဘာ ၁၁ ရက်က တိုက်ခိုက်ခဲ့တယ်လို့ ယူကရိန်းလုံခြုံရေးဌာနက ပြောပါတယ်။

စစ်မျက်နှာကနေ ကီလိုမီတာ ၁,၄၀၀ အကွာမှာရှိတဲ့ အူဖာ ရေနံချက်စက်ရုံဟာ ရုရှားနိုင်ငံရဲ့ အကြီးဆုံး ရေနံသန့်စင်ရေး လုပ်ငန်းဗဟိုဌာနတခု ဖြစ်ပါတယ်။

Source: Reuters

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024