
ဖိလစ်ပိုင်နိုင်ငံတောင်ပိုင်းမှာ အင်အားပြင်းငလျင် ၂ ခု လှုပ်ခတ်ခဲ့ပြီး လူ ၇ ယောက် ထက်မနည်း သေဆုံးခဲ့ပြီးတဲ့နောက် ငလျင်ဗဟိုချက်အနားမှာ နေထိုင်သူတွေဟာ အောက်တိုဘာ ၁၁ ရက်မှာ ပျက်စီးသွားတဲ့အိမ်တွေကနေ အကြွင်းအကျန်တွေကို ကောက်ယူခဲ့ကြပါတယ်။
အောက်တိုဘာ ၁၀ ရက် မနက်ပိုင်းက ဒါဗာအို အိုရီယံတယ် ပြည်နယ်က မာနေကမ်းလွန်မှာ ပြင်းအား ၇.၄ အဆင့်ရှိတဲ့ ငလျင်တခု လှုပ်ခတ်ခဲ့ပြီး နောက် ၇ နာရီအကြာမှာ ပြင်းအား ၆.၈ အဆင့်ရှိတဲ့ ဒုတိယငလျင်တခု လှုပ်ခတ်ခဲ့ပါတယ်။
ဒီငလျင်နှစ်ခုဟာ မကြာသေးမီနှစ်တွေအတွင်း ဖိလစ်ပိုင်နိုင်ငံမှာ လှုပ်ခတ်ခဲ့တဲ့ ငလျင်တွေထဲမှာ အပြင်းထန်ဆုံးငလျင်တွေ ဖြစ်ပါတယ်။
ဖိလစ်ပိုင်ဟာ ပစိဖိတ်မီးကွင်းကြီးလို့ ခေါ်တဲ့ ကမ္ဘာ့ကျောက်လွှာချပ်တွေ ထိစပ်တဲ့နေရာမှာ တည်ရှိပြီး နှစ်စဉ် အကြိမ်ရေ ၈၀၀ ကျော်တဲ့ ငလျင်တွေကို ကြုံတွေ့နေကျဖြစ်ပါတယ်။
ကမ်းလွန်ပင်လယ်ပြင်မှာ ပြင်းအား ၆.၉ အဆင့်ရှိတဲ့ ငလျင်လှုပ်ခတ်ပြီးတဲ့နောက် ဖိလစ်ပိုင်နိုင်ငံအလယ်ပိုင်း စီဘူကျွန်းမှာ လူ ၇၄ ယောက် သေဆုံးပြီး သီတင်းနှစ်ပတ်အကြာမှာ ငလျင်ထပ်လှုပ်တာလည်း ဖြစ်ပါတယ်။
ကယ်ဆယ်ရေးလုပ်ငန်းတွေမှာ ကူညီဖို့နဲ့ ထိခိုက်ခံစားရသူတွေကို ကူညီပေးဖို့ ဖိလစ်ပိုင် သမ္မတ ဖာဒီနန်မားကို့စ် ဂျူနီယာက သက်ဆိုင်ရာ အေဂျင်စီတွေကို ညွှန်ကြားထားပါတယ်။
Source: Reuters


