Home
မြန်မာသတင်း
နမ္မတူမြို့နယ်က စစ်ရှောင်ပြည်သူ ၁၀၀၀ ကျော်အတွက် အကူအညီလိုအပ်
DVB
·
October 12, 2025

ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့ကို ရောက်ရှိလာတဲ့ နမ္မတူမြို့နယ်က စစ်ဘေးရှောင်ပြည်သူ ၁၀၀၀ ကျော်အတွက် အကူအညီတွေ လိုအပ်နေပါတယ်။ 

တအာင်းအမျိုးသားလွတ်မြောက်‌ရေးတပ်မတော် (TNLA) က တနှစ်ကျော်ကြာ ထိန်းချုပ်ထားတဲ့ နမ္မတူမြို့ကို စစ်ကောင်စီတပ်က လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အရပ်သားပြည်သူတွေ ထိခိုက်ဒဏ်ရာရသေဆုံးတာတွေ ရှိခဲ့ပါတယ်။ 

ဒါ့ကြောင့် မြို့လုံးကျွတ်နီးပါး အိုးအိမ်စွန့်ခွာပြီး လားရှိုးမြို့အပါအဝင် နီးစပ်ရာမြို့နယ်တွေကို တိမ်းရှောင်နေရပါတယ်။ အဲဒီစစ်ရှောင်တွေအတွက် စားနပ်ရိက္ခာနဲ့ ယာယီနေထိုင်နိုင်မယ့် အကူအညီတွေ လိုအပ်နေတယ်လို့ လားရှိုးဒေသခံတယောက်က ပြောပါတယ်။

TNLA တအာင်းတပ်နဲ့ နွေဦးတော်လှန်ရေးအင်အားစုတွေဟာ နမ္မတူမြို့ကို ၂၀၂၃ နှစ်ကုန်ပိုင်းမှာ အပြီးသတ်သိမ်းပိုက်ခဲ့တာပါ။ 

နမ္မတူမြို့သိမ်းတိုက်ပွဲအတွင်း မြို့ခံပြည်သူတွေ ပထမအကြိမ် စစ်ဘေးရှောင်ခဲ့ရပါတယ်။ ဒီအကြိမ်ကတော့ စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် မြို့လုံးကျွတ်နီးပါး အိုးအိမ်စွန့်ခွာ စစ်ဘေးတိမ်းရှောင်ရတာပါ။ 

အဲဒီစစ်ရှောင်တွေထဲက အများစုဟာ သတ္တုတွင်းဝန်ထမ်းတွေ အငြိမ်းစားတွေနဲ့ အ ခြေခံလူတန်းစားတွေ ဖြစ်တာကြောင့် အခြားမြို့ရွာတွေမှာ နေ့စဉ် ဝမ်းရေးဖြေရှင်းဖို့အတွက် ပိုမိုခက်ခဲလာလို့ စားသောက်နေထိုင်ရေးအတွက် အကူအညီလိုအပ်နေတာလို့ နမ္မတူမြို့ စစ်ရှောင်တယောက်က ပြောပါတယ်။

စစ်ကောင်စီတပ်ရဲ့ တန်ပြန်ထိုးစစ်တွေကြောင့် TNLA တပ်က ၁ နှစ်ကျော် ထိန်းချုပ်ထားတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းက နောင်ချိုနဲ့ ကျောက်မဲမြို့ကို ပြန်လည်လက်လွှတ်ခဲ့ရပါတယ်။ 

ဆက်လက်ပြီးလည်း သီပေါမြို့ကို ပြန်လည်သိမ်းယူနိုင်ဖို့ လေကြောင်း၊ ဒရုန်း၊ လက်နက်ကြီးပစ်ကူယူကာ မြေပြင်အင်အားအလုံးအရင်နဲ့ ထိုးစစ်ဆင်နေတာပါ။

အဲဒီထိုးစစ်နဲ့ တပြိုင်တည်း လေကြောင်းနဲ့ TNLA တအာင်းတပ် ထိန်းချုပ်ထားတဲ့ နမ့်ဆန်၊ မန်တုံ၊ နမ္မတူ၊ မိုးမိတ်၊ မိုင်းလုံး၊ မိုင်းငေါ့မြို့နယ်ထဲက ကျေးရွာတွေကို ဗုံးကြဲတိုက်ခိုက်နေတာကြောင့် အရပ်သားပြည်သူအယောက် ၅၀ ဝန်းကျင် အသက်ဆုံးရှုံးခဲ့ရတယ်လို့ ဒေသတွင်း သတင်းတွေကနေ သိရပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013