Home
မြန်မာသတင်း
ထီးခီးရွာကို စစ်တပ်က ဗုံးကြဲမှုကြောင့် ရွာသား ၃၀၀ ခန့် ထိုင်းနိုင်ငံဘက် တိမ်းရှောင် 
DVB
·
October 9, 2025

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်ထဲက ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)  စိုးမိုးရာ ထီးခီးကျေးရွာကို စစ်ကောင်စီတပ်က ဗုံးကြဲတာကြောင့် ရွာသား ၃၀၀ လောက် ထိုင်းနယ်စပ်ကို ထွက်ပြေးတိမ်းရှောင်လာပြီး ထိုင်းစစ်တပ်က လူသားချင်းစာနာမှု အကူအညီတွေပေးနေတယ်လို့ ကန်ကျနပူရီဒေသတွင်း ထိုင်းသတင်းမှာ ဖော်ပြပါတယ်။ 

အောက်တိုဘာ ၈ ရက် ညနေ ၄ နာရီ မိနစ် ၂၀ လောက်က စစ်ကောင်စီလေတပ်က  K-8 ဂျက်တိုက်လေယာဉ်နဲ့ ထီးခီးရွာကို ပေါင် ၂၅၀ လေးဗုံးသီးတွေနဲ့ ၂ ကြိမ်ကြဲချခဲ့တယ်၊ သေဆုံးဒဏ်ရာရသူအခြေအနေကို မသိရပေမဲ့လည်း ရွာသား ၃၀၀ လောက်ဟာ ထိုင်းနယ်စပ်ကို ထွက်ပြေးလာကြတယ်လို့ ဆိုပါတယ်။

အဲဒီနေရာဟာ ကန်ကျနပူရီခရိုင်၊ ကန်ကျနပူရီမြို့နယ်၊ ဘန့်ကောင်ကျေးရွာအုပ်စု ရပ်ကွက် ၁၂ ထဲက ဖူးနမ့်ရွန့်စစ်ဆေးရေးဂိတ်နဲ့ မီတာ ၁၀၀ ခန့်သာ ကွာဝေးတယ်။

လောလောဆယ် ထိုင်းအာဏာပိုင်တွေဘက်က ဂိတ်မဖွင့်ပေးသေးပေမဲ့ အမှတ် ၁၄၀၂ ခြေလျင်တပ်ရင်း လတ်ယာ့စစ်ကြောင်းက ထိုင်းစစ်သားတွေဟာ ပြေးရင်းလွှားရင်းဒဏ်ရာရခဲ့တဲ့ မြန်မာရွာသားတွေကို ဆေးသွားကုပေးပြီး သောက်ရေနဲ့ စားစရာတွေ သွားရောက်ဝေငှပေး နေတယ်လို့  ကန်ကျနပူရီသတင်းမှာ ဖော်ပြပါတယ်။ 

Source : Kanchanaburi News 

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013