
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်ဟာ တရုတ်နိုင်ငံအပေါ် အခွန်သစ် ၁၀၀ ရာခိုင်နှုန်း တိုးမြှင့် သတ်မှတ်ခဲ့မယ်လို့ ကတိပြုခဲ့တာကြောင့် အမေရိကန်နဲ့ တရုတ်ကုန်သွယ်မှု စစ်ပွဲအရှိန် တိုးမြှင့်လာပါတယ်။
တရုတ်နိုင်ငံက မြေရှားသတ္တုတင်ပို့မှု ကန့်သတ်လိုက်တာကြောင့် လက်တုံ့ပြန်တဲ့အနေနဲ့ အခွန်တိုးမြှင့်ဖို့ ထရမ့်ပ်က ကတိပြုခဲ့ပါတယ်။
အောက်တိုဘာ ၁၀ ရက်က တရုတ်နိုင်ငံအပေါ် အခွန်တိုးမြှင့်မယ်လို့ ထရမ့်ပ်က ကတိပြုခဲ့ပြီးနောက် အမေရိကန်နဲ့ တရုတ်ကုန်သွယ်မှုစစ်ပွဲ ပြန်လည်စတင်မှာဖြစ်ပါတယ်။
အခွန်သက်သာခွင့် ပြည့်မယ့် ၉ ရက်အလို နိုဝင်ဘာ ၁ ရက်မှာ အမေရိကန်က အရေးပါတဲ့ ဆော့ဝဲလ် ပေးပို့မှုတွေကို ထိန်းချုပ်သွားမှာဖြစ်ပါတယ်။
ဒါ့အပြင် တရုတ်နိုင်ငံကနေ အမေရိကန်ကိုတင်ပို့တဲ့ ပစ္စည်းတွေကို ထပ်ဆောင်းအခွန် ၁၀၀ ရာခိုင်နှုန်း တိုးမြှင့်သတ်မှတ်မှာ ဖြစ်ပါတယ်။
တရုတ်က ကန့်သတ်လိုက်တဲ့အထဲမှာ နည်းပညာလောကအတွက် မရှိမဖြစ်လိုအပ်တဲ့ အရာတွေပါဝင်ပြီး မြေရှားသတ္တုတင်ပို့မှု ကန့်သတ်ချက်တွေ တိုးမြှင့်တာကို ထရမ့်ပ်က အကောက်ခွန်နှုန်းထားသစ်တွေနဲ့ ပြန်လည်တုံ့ပြန်တာ ဖြစ်ပါတယ်။
ဒီလုပ်ဆောင်ချက်တွေဟာ တရုတ်နဲ့ အမေရိကန်တို့အကြား ၆ လကြာ ဆက်ဆံရေးမှာ ကြီးမားတဲ့ သဘောထား ကွဲလွဲမှုဖြစ်လာပါတယ်။
ဒါဟာ ကမ္ဘာ့အကြီးဆုံးစက်ရုံတွေရှိတဲ့ တရုတ်နိုင်ငံနဲ့ ကမ္ဘာ့အကြီးဆုံး သုံးစွဲသူတွေရှိတဲ့ အမေရိကန်နိုင်ငံတို့ကြား ကုန်သွယ်ရေးစစ်ပွဲ အရှိန်မြင့်တက်လာတာပါ။
၂ နိုင်ငံကြား နွေရာသီက ရရှိခဲ့တဲ့ မတည်ငြိမ်တဲ့ စီးပွားရေးသဘောတူညီမှုတွေက ဆက်ရှိနိုင်မလားဆိုတာ မေးခွန်းတွေ ထွတ်ပေါ်နေတယ်လို့ ရိုက်တာ ဖော်ပြပါတယ်။
Photo: Reuters




