
ဖိလစ်ပိုင်ကမ်းလွန်မှာ ပြင်းအားရစ်ချ်တာစကေး ၇ ဒသမ ၄ ရှိတဲ့ ငလျင်ကြီးတခု လှုပ်ခတ်ခဲ့အပြီး ဖိလစ်ပိုင်နဲ့ အင်ဒိုနီးရှားမှာ ဆူနာမီ သတိပေးချက်တွေ ထုတ်ပြန်ထားပါတယ်။ ငလျင်ဟာ ဖိလစ်ပိုင်နိုင်ငံ၊ မင်ဒါနာအိုဒေသမှာ လှုပ်ခတ်ခဲ့တာ ဖြစ်ပါတယ်။
ဆူနာမီလှိုင်းကြီးတွေဟာ ဖိလစ်ပိုင်နေရာတချို့မှာ ပုံမှန်လှိုင်းထက် ၃ မီတာ (၁၀ ပေ) လောက် အမြင့်အထိ ရောက်ရှိနိုင်ပြီး အင်ဒိုနီးရှားနဲ့ ပါလာအူဒေသတချို့မှာတော့ ၁ မီတာ (၃ ပေကျော်) အထိ ရောက်ရှိနိုင်တယ်လို့ ပစိဖိတ် ဆူနာမီသတိပေးစင်တာက ထုတ်ပြန်ထားပါတယ်။
ပထမဆုံး ဆူနာမီလှိုင်းတွေဟာ အောက်တိုဘာ ၁၀ ရက် ဒေသစံတော်ချိန် ၁၁ နာရီ ၄၃ မိနစ်မှာ ရောက်ရှိလာနိုင်ပြီး နာရီနဲ့ချီ ကြာမြင့်နိုင်တယ်လို့ တာဝန်ရှိသူတွေက သတိပေးထားပါတယ်။
ငလျင်ဗဟိုချက်အနီးက ဒါဗာအိုမြို့ ဆေးရုံတရုံမှာ ဝရုန်းသုံးကား ဖြစ်နေကြပုံ ဓာတ်ပုံတွေ ဒေသမီဒီယာတွေကတဆင့် ပေါ်ထွက်လာပါတယ်။