Home
နိုင်ငံတကာ
ဖိလစ်ပိုင်တွင် ငလျင်ကြောင့် သေဆုံးသူ ၆၉ ဦးထိ မြင့်တက်လာ
DVB
·
October 1, 2025
Photo :Reuters

ဖိလစ်ပိုင်နိုင်ငံအလယ်ပိုင်းကို ထိခိုက်စေခဲ့တဲ့ ပြင်းအား ၆.၉ အဆင့်ရှိ ငလျင်လှုပ်ခတ်မှုကြောင့် သေဆုံးသူ ၆၉ ယောက်အထိ မြင့်တက်လာခဲ့ကြောင်း သဘာဝဘေးအန္တရာယ်ဆိုင်ရာ တာဝန်ရှိသူတယောက်က အောက်တိုဘာ ၁ ရက်မှာ ပြောပါတယ်။ 

အသက်ရှင်သူတွေကို ရှာဖွေဖို့နဲ့ မီးသုံးစွဲမှု၊ ရေပေးဝေရေးစနစ်တွေကို ပြန်လည်ထူထောင်ဖို့အတွက် အစိုးရက အဖွဲ့အစည်းတွေကို စေလွှတ်ခဲ့တယ်လို့ ဆိုပါတယ်။ 

စက်တင်ဘာ ၃၀ ရက် ည ၁၀ နာရီ မတိုင်ခင်မှာ စီဘူး ပြည်နယ်မြောက်ဘကရှိ ဘိုဂိုမြို့အနီး ကမ်းလွန်ပင်လယ်ပြင်ကို ဗဟိုပြုပြီး ရေတိမ်ပိုင်းငလျင်လှုပ်ခတ်ခဲ့တာပါ။ အခုနှစ်အတွင်း နိုင်ငံရဲ့အဆိုးရွားဆုံး ဘေးအန္တရာယ်တွေထဲမှ တခုဖြစ်တယ်လို့လည်း ဆိုပါတယ်။ 

ဓာတ်အားပြတ်တောက်မှု ဖြစ်ပွားခဲ့ပြီး နှစ် ၁၀၀ ကျော် သက်တမ်းရှိ ဘုရားကျောင်း အပါအဝင် အဆောက်အအုံတွေ ပြိုကျခဲ့ကာ ဆေးရုံမှာလည်း လူနာတွေ ပြည့်လျှံနေပြီလို့ အရပ်ဘက် ကာကွယ်ရေးအရာရှိ ရက်ဖှီ အလက်ဂျန်ဒရိက သတင်းထောက်တွေကို ပြောပါတယ်။ 

စီဘူး ပြည်နယ်ရှိ ဒန်ဘန်းတာယန်မြို့နယ်က ဖြန့်ဝေတဲ့ ဓာတ်ပုံတွေထဲမှာ ကယ်ဆယ်ရေးဝန်ထမ်းတွေဟာ ငလျင်ကြောင့် ပျက်စီးသွားတဲ့ အဆောက်အဦတွေကို စစ်ဆေးနေကြောင်း မြင်တွေ့ရပါတယ်။  

ဖိလစ်ပိုင်နိုင်ငံရဲ့ ရေပန်းအစားဆုံး ခရီးသွားနေရာဖြစ်တဲ့ စီဘူး ပြည်နယ်မှာ လူဦးရေ ၃.၄ သန်း နေထိုင်ပါတယ်။ 

နိုင်ငံရဲ့ ဒုတိယ လူအဝင်အထွက် အများဆုံးဝင်ပေါက်ဖြစ်တဲ့ မက်တန်းစီဘူး နိုင်ငံတကာ  လေဆိပ်မှာတော့ လုပ်ငန်းတွေလည်ပတ်နေဆဲဖြစ်ပါတယ်။ 

ငလျင်အပြင်းထန်ဆုံး လှုပ်ခတ်သွားတဲ့ စန် ရေးမီး ဟီယိုး မြို့နယ်အပါအဝင် စီဘူး ပြည်နယ်မြောက်ပိုင်းမှာ တုံ့ပြန်ရေးနဲ့ ကယ်ဆယ်ရေးလုပ်ငန်းတွေ အဆင်ပြေ ချောမွေ့စေဖို့ ဘေးဥပဒ်အခြေအနေအောက်မှာ ထားရှိပါတယ်။ သေဆုံးမှုတွေနဲ့ပတ်သက်ပြီး စိစစ်မှုတွေကို ဆက်လက်လုပ်ဆောင်နေကြောင်းလည်း တာဝန်ရှိသူတွေက ပြောကြားပါတယ်။

Photo;Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013