
ဖိလစ်ပိုင်နိုင်ငံ အလယ်ပိုင်းနဲ့ လူဇွန်ကျွန်းရဲ့ တောင်ပိုင်းဒေသတွေကို အပူပိုင်းမုန်တိုင်း ဘူးအလွိုင် ဖြတ်ကျော်သွားတာကြောင့် မြို့အများအပြားကို လေပြင်းတိုက်ခတ်ပြီး မိုးသည်းထန်စွာ ရွာသွန်းခဲ့ရာမှာ လူ ၁၀ ယောက်ထက်မနည်း သေဆုံးပြီး လူထောင်ပေါင်းများစွာ အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရကြောင်း သဘာဝဘေးဆိုင်ရာ အရာရှိတွေက ပြောပါတယ်။
ဘူအလွိုင်ဟာ စက်တင်ဘာ ၂၅ ရက်က ဖိလစ်ပိုင်အလယ်ပိုင်းရှိ အရှေ့ဘက် ဆားမားမှာ ကုန်းတွင်းပိုင်းကို တိုင်ဖွန်းမုန်တိုင်းအဖြစ် ဝင်ရောက်ခဲ့ပြီး လူဇွန်ကျွန်းတောင်ပိုင်းရှိ ဘီးကိုးလ် ဒေသကို ဖြတ်ကျော်ဝင်ရောက်ကာ မာ့စ်ဘာတေကို ဝင်ရောက်ခဲ့ပါတယ်။
မနီလာမြို့တောင်ဘက် ၄၂ ကီလိုမီတာအကွာလောက်မှ လဂူးနားပြည်နယ်ရှိ မြေနိမ့်ပိုင်း မြို့တချို့မှာ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် အနီးနားရှိ ပင်လယ်အော်မှာ ရေလျှံတက်လာခဲ့တာကြောင့် ရေလွှမ်းမိုးမှုက ပိုမိုဆိုးရွားလာခဲ့ပါတယ်။
အမြင့်ဆုံးလေတိုက်နှုန်း တနာရီကို ကီလိုမီတာ ၁၁၀ နှုန်းရှိပြီး လေပြင်းအား တနာရီကို ၁၃၅ ကီလိုမီတာနှုန်းအထိ အရှိန်တိုးလာတဲ့ ဘူအလွိုင်တိုင်ဖွန်းမုန်တိုင်းဟာ ဗီယက်နမ်နိုင်ငံဘက်ကို ဆက်လက်ရွေ့လျားပြီး ပိုမိုအားကောင်းလာမယ်လို့ ခန့်မှန်းထားပါတယ်။
Source: Reuters