
ဖိလစ်ပိုင်မြို့တော် မနီလာမြို့မှာ အကျင့်ပျက်ခြစားမှု ဆန့်ကျင်ရေး လူထုစုဝေးပွဲ အများအပြားအတွင်း စက်တင်ဘာ ၂၁ ရက်မှာ အကြမ်းဖက်မှုတွေ ဖြစ်ပွားခဲ့ပြီး ဆန္ဒပြသူတွေကို ရဲတပ်ဖွဲ့က သမ္မတအိမ်တော်ဆီ ချီတက်ခွင့် ပိတ်ပင်ခဲ့ပါတယ်။
ဆန္ဒပြသူတွေက အဓိကရုဏ်းနှိမ်နှင်းရေးရဲတွေကို ကျောက်တုံးတွေ၊ ဓာတ်ဆီပုလင်းဗုံးတွေနဲ့ ပစ်ပေါက်ခဲ့ကြပြီး လုံခြုံရေးတပ်ဖွဲ့ဝင်တွေက ဆန္ဒပြသူတွေကို လူစုခွဲဖို့ အသံဗုံးတွေနဲ့ ရေအမြောက်တွေကို သုံးခဲ့ကြပါတယ်။
ဒါဇင်နဲ့ချီတဲ့ ဆန္ဒပြသူတွေဟာ မျက်နှာဖုံးတွေ ဝတ်ဆင်ထားပါတယ်။ ဂျပန်ကာတွန်းရုပ်သံ မန်ဂါစီးရီးထဲက “One Piece” ဇာတ်လမ်းထဲမှာသုံးတဲ့ အလံကို လွှင့်ထူခဲ့ပါတယ်။
ဒါဟာ အင်ဒိုနီးရှားမှာ မကြာသေးမီက အကြမ်းဖက် ဆန္ဒပြမှုတွေမှာ သုံးခဲ့တဲ့ သင်္ကေတကို အမှတ်ရစေခဲ့ပါတယ်။
ဒါဇင်နဲ့ချီတဲ့လူတွေ ဒဏ်ရာရပြီး အများစုကတော့ ဒဏ်ရာတွေနဲ့ ပွန်းပဲ့ဒဏ်ရာတွေ ရထားတယ်၊ ရုန်းရင်းဆန်ခတ်ဖြစ်မှုမှာ ပါဝင်ခဲ့တဲ့ ဆန္ဒပြသူ ၁၇ ယောက်ကို ဖမ်းဆီးထားတယ်လို့ ဖိလစ်ပိုင် အမျိုးသားရဲတပ်ဖွဲ့က ပြောပါတယ်။
တနင်္ဂနွေနေ့ အစောပိုင်းက မနီလာမြို့တော်မှာ တက်ကြွလှုပ်ရှားသူနဲ့ ထောက်ခံသူ ထောင်ပေါင်းများစွာ စုဝေးချီတက်ခဲ့ကြပါတယ်။
ဆန္ဒပြပွဲဟာ ကွယ်လွန်သူ အာဏာရှင် နိုင်ငံရေးသမား ဖာဒီနန် မားကို့စ် စီနီယာရဲ့ စစ်အုပ်ချုပ်ရေးကြေညာမှု နှစ်ပတ်လည်နေ့နဲ့ တိုက်ဆိုင်နေပါတယ်။
မားကို့စ်ရဲ့ အုပ်ချုပ်ရေးကာလဟာ လူများစွာက နိုင်ငံ့သမိုင်းမှာ အမှောင်မိုက်ဆုံးကာလတွေထဲက တခုအဖြစ် အမှတ်ရနေတဲ့ကာလလည်း ဖြစ်ပါတယ်။
Source: Reuters