
မလေးရှားနိုင်ငံအနေနဲ့ အခုနှစ်ကုန်ပိုင်းမှာ ပြုလုပ်မယ့် မြန်မာ့ရွေးကောက်ပွဲအတွက် လေ့လာစောင့်ကြည့်ရေး အဖွဲ့တွေကို စေလွှတ်ပေးသွားမယ်လို့ မလေးရှားနိုင်ငံခြားရေးဝန်ကြီးက ပြောကြားခဲ့ပါတယ်။
မလေးရှားနိုင်ငံခြားရေးဝန်ကြီးအနေနဲ့ စစ်ခေါင်းဆောင်ကို အောက်တိုဘာ ၉ ရက်နေ့က နေပြည်တော်မှာ လာရောက်တွေ့ဆုံစဉ် ပြောကြားခဲ့တာဖြစ်ပါတယ်။
မလေးရှားနိုင်ငံခြားရေးဝန်ကြီးက မြန်မာနိုင်ငံရဲ့ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကျင်းပပြုလုပ်ဖို့ ပြင်ဆင်နေမှုတွေကို တွေ့ရတဲ့အတွက် ဝမ်းမြောက်ဝမ်းသာဖြစ်မိပါကြောင်း၊ အာဆီယံအနေနဲ့ မြန်မာနိုင်ငံရဲ့ ကြိုးပမ်းဆောင်ရွက်မှုတွေကို အကောင်းဆုံးဖြစ်အောင် ပူးပေါင်းဆောင်ရွက်ပေးသွားမှာဖြစ်ကြောင်း၊ အားလုံးပါဝင်တဲ့ ရွေးကောက်ပွဲဖြစ်စေဖို့ အကြံပြုပြောကြားလိုကြောင်း၊ ရွေးကောက်ပွဲလေ့လာ စောင့်ကြည့်ရေးအဖွဲ့များကိုလည်း စေလွှတ်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့တယ်လို့ စစ်ကောင်စီပိုင်မီဒီယာတွေက အောက်တိုဘာ ၉ ရက်မှာ ကြောညာခဲ့တာဖြစ်ပါတယ်။