
မကြာသေးမီက ဒရုန်းကျူးကျော်မှု ဖြစ်ရပ်တွေဟာ ဥရောပမှာ ပေါင်းစပ်စစ်ပွဲကို ရင်ဆိုင်နေရတာကို ပြသပြီး တုံ့ပြန်ရာမှာလည်း ရိုးရာကာကွယ်ရေးထက် ကျော်လွန်သွားရမယ်လို့ ဥရောပ ကော်မရှင်ဥက္ကဋ္ဌ အာဆူလာ ဗွန်ဒါ လေယန်က အောက်တိုဘာ ၈ ရက်မှာ ပြောပါတယ်။
“ဒါဟာ ကျပန်းနှောင့်ယှက်တာ မဟုတ်ပါဘူး” လို့ ပြင်သစ်နိုင်ငံ စထရက်စ်ဘူဟ်မြို့မှာရှိတဲ့ ဥရောပလွှတ်တော်မှာ ပြောတဲ့ မိန့်ခွန်းအတွင်း ဗွန်ဒါလေယန်က ပြောခဲ့တာပါ။
အဖြစ်အပျက်အားလုံးအတွက် ရုရှားမှာ တာဝန်ရှိတယ်လို့တော့ သူက မပြောခဲ့ပေမဲ့ ရုရှားရဲ့ ရည်ရွယ်ချက်က ဥရောပမှာ အကွဲအပြဲဖြစ်အောင် လုပ်နေတယ်ဆိုတာ ရှင်းပါတယ်လို့တော့ ပြောပါတယ်။
ဥရောပတာဝန်ရှိသူတွေကတော့ မကြာသေးမီကဖြစ်ခဲ့တဲ့ အဖြစ်အပျက်တချို့ဟာ ရုရှားအစိုးရနဲ့ ဆက်စပ်နေတယ်လို့ စွပ်စွဲပါတယ်။
ဥရောပဟာ ရုရှားက ခြိမ်းခြောက်မှုတွေ အရှိန်မြှင့်နေတာကို ထိုင်ကြည့်ရင်း တွန့်ဆုတ်နေမလား၊ ခြိမ်းခြောက်မှုတွေကို စည်းလုံးညီညွတ်မှု၊ ဟန့်တားမှု၊ ဖြေရှင်းမှုတွေနဲ့ ရင်ဆိုင်မလား ဆိုတဲ့ ရွေးချယ်မှုတွေကို ရင်ဆိုင်နေရတယ်လို့လည်း ဗွန်ဒါလေယန်က ပြောပါတယ်။
Source: Reuters




