Home
နိုင်ငံတကာ
သံတမန်များ၏ ခရီးသွားလာမှုကို တားမြစ်မည့် EU အစီအမံကို ရုရှား တုံ့ပြန်မည်
DVB
·
October 8, 2025
Photo: Reuters

ရုရှားအစိုးရ သံတမန်တွေရဲ့ လှုပ်ရှားမှုကို ကန့်သတ်ဖို့ ဥရောပသမဂ္ဂ (EU) အစိုးရတွေရဲ့ အစီရင်ခံစာအတွက် ရုရှားနိုင်ငံက သင့်လျော်တဲ့ တုံ့ပြန်မှုတရပ်ကို ချမှတ်မယ်လို့ အောက်တိုဘာ ၇ ရက်မှာ ရုရှားသမ္မတနန်းတော် ကရင်မလင်က ကတိပြုခဲ့ပါတယ်။

ရုရှားအစိုးရအပေါ် ဥရောပသမဂ္ဂက အပြစ်တင်ထားတဲ့ မကြာသေးမီက ရုရှားက လုပ်ခဲ့တဲ့ အဖျက်အမှောင့် ကြိုးပမ်းချက်တွေကြောင့် EU အစိုးရတွေက ရုရှားသံတမန်တွေရဲ့ ခရီးသွားလာခွင့်ကို ကန့်သတ်ဖို့ ဆုံးဖြတ်ချက်ချခဲ့တယ်လို့ Financial Times သတင်းဌာနက အောက်တိုဘာ ၇ ရက်မှာ ဖော်ပြခဲ့ပါတယ်။

လတ်တလော သီတင်းပတ်တွေအတွင်း ယူကရိန်းနဲ့ နယ်စပ်က ပိုလန်၊ အက်စ်တိုးနီးယားနဲ့ ရိုမေးနီးယား၊ ရုရှားနိုင်ငံနဲ့ ဝေးတဲ့ ဒိန်းမတ်၊ ဂျာမနီနဲ့ ဘယ်လ်ဂျီယံတို့ အပါအဝင် ဥရောပသမဂ္ဂ အဖွဲ့ဝင် နိုင်ငံတွေရဲ့ လေပိုင်နက်ထဲ ဒရုန်းယာဉ်တွေ ဝင်ရောက်နှောင့်ယှက်ခဲ့တယ်လို့ သက်ဆိုင်ရာ နိုင်ငံတွေက အသီးသီး ကြေညာခဲ့ပြီး လေပိုင်နက် ကာကွယ်ရေးအတွက် အရှေ့ပိုင်းကင်းသမား စစ်ဆင်ရေးကို မြောက်အတ္တလန္တိတ် စစ်ရေးမဟာမိတ်အဖွဲ့ (NATO) က စတင် လေ့ကျင့်ခဲ့ပါတယ်။

Source: Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013