Home
နိုင်ငံတကာ
Google ကို EU က ဒဏ်ငွေချပြီးနောက် EU ကို အခွန်တိုးမည်ဟု ထရမ့်ပ် ခြိမ်းခြောက်
DVB
·
September 7, 2025
Photo: REUTERS/Steve Marcus

Google ကို ဥရောပက ဒဏ်ငွေချမှတ်ခဲ့ပြီးနောက် EU ကို အခွန်နှုန်းထားထပ်တိုးမြှင့်မယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က ခြိမ်းခြောက်ခဲ့ပါတယ်။ 

အမေရိကန်ကုမ္ပဏီကြီးဖြစ်တဲ့ Google ဟာ Anti-monopoly laws ကိုချိုးဖောက်တယ်ဆိုတဲ့ စွပ်ချက်နဲ့ ဥရောပက ဒေါ်လာ ၃.၄၇ ဘီလျံ ဒဏ်ငွေတပ်ခဲ့ပြီး မကြာမီမှာပဲ ထရမ့်ပ်က အခုလို ခြိမ်းခြောက်ခဲ့တာပါ။ 

‘‘ဒါဟာ အမေရိကန်တွေရဲ့ ရင်းနှီးမြှုပ်နှံမှုတွေ အလုပ်အကိုင်တွေကို အခြား နည်းလမ်းနဲ့ ထိခိုက်စေမှာပါ။ လုံးဝမတရားပါဘူး။ အမေရိကန် အခွန်ထမ်းပြည်သူတွေလည်း ဒါကို လက်ခံမှာ မဟုတ်ပါဘူး။ ကျနော် အရင်က ပြောခဲ့ဖူးသလို ကျနော့်အစိုးရအဖွဲ့ကလည်း ဒီလို ခွဲခြားဆက်ဆံခံရတာကို လက်ခံမှာမဟုတ်ပါဘူး။ မမျှတတဲ့ ပြစ်ဒဏ်အတွက် Section 301 ကို စတင်ဖို့ ကျနော် တွန်းအားပေးမှုတွေ ပြုလုပ်မှာဖြစ်ပါတယ်” လို့ ထရမ့်ပ်က ပြောပါတယ်။ 

Section 301 ဟာ ၁၉၇၄ ခုနှစ်က ပြဋ္ဌာန်းတဲ့ ကုန်သွယ်ရေးဥပဒေခုဖြစ်ပြီး နိုင်ငံခြားအစိုးရများရဲ့ ခွဲခြားဆက်ဆံခံရတာမျိုးကို ဖယ်ရှားဖို့နဲ့ ပြန်လည်တုံ့ပြန်ဖို့ ပြဋ္ဌာန်းထားတာဖြစ်ပါတယ်။ 

Google ဟာ ဥရောပဈေးကွက်မှာ ပြိုင်ဘက်တွေကို ကြော်ငြာလွှမ်းမိုးတာတွေ လုပ်ခဲ့တယ်လို့ EU က ကြေညာထားပြီး ဒေါ်လာ ၃.၅ ဘီလီယံနီးပါး ဒဏ်တပ်ကြောင်း သောကြာနေ့က ကြေညာထားပါတယ်။ 

ဒီလုပ်ရပ်တွေကို ရပ်တန့်ဖို့လည်း EU က Google ကို အမိန့်ပေးထားပါတယ်။ 

ဒါဟာ EU က ဒဏ်ငွေဒေါ်လာဘီလီယံချီ ချမှတ်တဲ့ စတုတ္ထမြောက် အဖြစ်အပျက်ပဲဖြစ်ပြီး Google ကတော့ ဒီကိစ္စနဲ့ ပတ်သက်လို့ အယူခံဝင်သွားဖို့ ရှိပါတယ်။ 

Source: Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013