
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်ရဲ့ ဓားစာခံတွေအားလုံးကို ပြန်လွှတ်ပေးဖို့ တောင်းဆိုချက်ကို စက်တင်ဘာ ၃ ရက်မှာ ဟားမတ်စ်ကို ထပ်မံပြောကြားလိုက်ပြီး အဲဒီလို လုပ်လိုက်တာနဲ့ ဂါဇာက အစ္စရေးစစ်ပွဲလည်း အဆုံးသတ်သွားလိမ့်မယ်လို့ အကြံပြု ပြောဆိုခဲ့ပါတယ်။
“အခုချက်ချင်း ဓားစာခံ အယောက် ၂၀ လုံးကို ပြန်လွှတ်ပေးဖို့ (၂ ယောက်တို့၊ ၅ ယောက်တို့၊ ၇ ယောက်တို့ လုပ်မနေဘဲ) အားလုံးကို ပြန်လွှတ်ဖို့ ဟားမတ်စ်ကို ပြောလိုက်စမ်းပါ။ ကိစ္စတွေ မြန်မြန်ပြောင်းလဲသွားမယ်။ အဆုံးသတ်သွားလိမ့်မယ်” လို့ ထရမ့်ပ် က ထရုသ်ဆိုရှယ်မှာ ပို့စ်တင် ပြောကြားခဲ့တာပါ။
လတ်တလော ရက်သတ္တပတ်တွေအတွင်းမှာ အစ္စရေးတပ်ဖွဲ့တွေဟာ ဂါဇာစီးတီးရဲ့အပြင်ဘက်ရှိ ဆင်ခြေဖုံးရပ်ကွက်တွေတလျှောက် ဖြတ်ကျော် ချီတက်လာပြီး ထိုးစစ်ကို ရပ်တန့်ဖို့ နိုင်ငံတကာက တောင်းဆိုထားပေမဲ့ အခုခါ တပ်ဖွဲ့တွေဟာ မြို့လယ်ကနေ ကီလိုမီတာ အနည်းငယ်သာ ကွာဝေးတော့တာ ဖြစ်ပါတယ်။
Source: Reuters