Home
မြန်မာသတင်း
ဒလမြို့နယ်၌ မီးလောင်ပြီး အိမ်ရှင်အပါအဝင် ၄ ဦး ဒဏ်ရာရ
DVB
·
October 8, 2025

ရန်ကုန်တိုင်း၊ ဒလမြို့နယ်၊ ကျန်စစ်သားရပ်ကွက်၊ ယောမင်းကြီးလမ်းမှာ အောက်တိုဘာ ၇ ရက် ည ၇ နာရီ ၁၅ မိနစ်က ဘက်ထရီအိုး ငှားရမ်းတဲ့ နေအိမ်မီးလောင်ခဲ့လို့ အိမ်ရှင်အပါအဝင် လူ ၄ ယောက် မီးလောင် ဒဏ်ရာရခဲ့တယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

မနေ့ညက ဦးသောင်းရီရဲ့ နေအိမ်မီးလောင်ခဲ့တာမှာ အိမ်ရှင်အပါအဝင် လူ ၄ ယောက် ဒဏ်ရာရခဲ့တာလို့ မြို့ခံတယောက်က ပြောပါတယ်။

“ဘယ်ကစလောင်လဲတော့ မသိဘူး။ မီးလောင်တာ နာရီဝက်လောက် ကြာတယ်။  မီးသတ်တွေရော ရပ်ကွက်က လူတွေပါဝိုင်းပြီးသတ်တာ၊  ၈ နာရီလောက်မှ မီးငြိမ်းသွားတယ်။ ၄ ယောက် ဒဏ်ရာရတယ်။” 

အဆိုပါမီးလောင်မှုမှာ အိမ်ရှင် ဦးသောင်းရီ၊ ဒေါ်စန်းကြည်၊ ကြက်ခြေနီတယောက်နဲ့ မီးငြှိမ်းသတ်ပေးတဲ့ ရပ်ကွက်နေသူ တယောက်တို့ မီးလောင်ဒဏ်ရာရခဲ့ပြီး ဒလမြို့နယ်ဆေးရုံကို ပို့ဆောင်ထားရတယ်လို့ အုပ်ချုပ်ရေးနဲ့ နီးစပ်သူက ပြောပါတယ်။

“ဘက်ထရီအိုးငှားတဲ့အိမ်ဆိုတော့ ဘက်ထရီအိုးကနေ ရှော့ဖြစ်ပြီးတော့ မီးလောင်တာ။ အိမ်ရှင် လင်မယားရယ်၊ နောက် ၂ ယောက်ရယ်။  ဒဏ်ရာရတယ်။  အရမ်းတော့ မစိုးရိမ်ရဘူး။ ဒလဆေးရုံကို ပို့ထားတယ်။” 

အောက်တိုဘာ ၇ ရက်က ရန်ကုန်တိုင်းမှာ ဒဂုံဆိပ်ကမ်းမြို့နယ် ၈၅ ရပ်ကွက်နဲ့ ရွှေပြည်သာမြို့နယ် အမှတ် ၈ ရပ်ကွက်မှာ နေအိမ်မီးလောင်ခဲ့ပြီး လှိုင်သာယာ အဝေးပြေးကားဝင်းမှာ ယာဥ်တစီး မီးလောင်ခဲ့တယ်လို့  မီးသတ်ဦးစီးဌာနက ထုတ်ပြန်ထားပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013