Home
မြန်မာသတင်း
ဒီးမော့ဆိုအနောက်ဘက်ခြမ်း စစ်ရှောင်စခန်းတွင် အရေပြားရောဂါဖြစ်ပွားမှု များပြား
DVB
·
October 7, 2025

ကယား(ကရင်နီ)ပြည်၊ ဒီးမော့ဆိုမြို့နယ် အနောက်ခြမ်း စစ်ရှောင်စခန်းတနေရာမှာ ရေမြုပ်ပြီးနောက် မသန့်တဲ့ရေတွေကြောင့် ယားနာဖြစ်ပွားလာသူ များပြားလာတယ်လို့ စစ်ရှောင်တွေထံက သိရပါတယ်။

အဲဒီစစ်ဘေးရှောင်စခန်းမှာ စက်တင်ဘာ နောက်ဆုံးပတ်ကစ ရေကြီးခဲ့တာဖြစ်ပြီး စစ်ဘေးရှောင်ပြည်သူတွေက အဲဒီရေကိုသာ အသုံးပြုရတာကြောင့် အရေပြား ယားယံတာတွေ ဖြစ်ပွားနေတယ်လို့ ပြောပါတယ်။

စစ်ဘေးရှောင်တယောက်က “လူကြီး၊ လူငယ် ဖြစ်တဲ့သူ အရမ်းများတယ်။ အရေကြည်ဖုပုံစံနဲ့ ဖြစ်ပြီး အနာဖြစ်သွားတယ်။ ညဘက်ဆို အရမ်းယားလို့ ကောင်းကောင်းတောင် မအိပ်နိုင်ကြဘူး” လို့ ပြောပါတယ်။

အဲဒီစစ်ဘေးရှောင်စခန်းမှာ စစ်ရှောင် ၃၀၀ ကျော်ရှိပြီး စစ်ဘေးရှောင် ၁၀၀ ကျော်က အရေပြားရောဂါ ဖြစ်ပွားနေပြီး ဆေးဝါးလည်း အလုံအလောက်မရှိဘူးလို့ ပြောပါတယ်။

စစ်ရှောင်တာဝန်ခံတယောက်က “ရေက အခုထိ အကုန်မကျသေးဘူး။ အရေပြားယားယံတဲ့သူ အရမ်းများတယ်။ ဆေးလည်းမရှိတော့ သူတို့နည်းနဲ့ သူတို့ပဲ ပြန်ကုကြတယ်။ ဆေးဝါးနဲ့ပတ်သက်တဲ့ အကူအညီ အရေးပေါ်လိုအပ်နေပါတယ်” လို့ ပြောပါတယ်။

အဲဒီစစ်ဘေးရှောင်စခန်းမှာ စက်တင်ဘာလ နောက်ဆုံးပတ်ကစပြီး မိုးသည်းထန်စွာ ရွာသွန်းကာ ရေကြီးတာကြောင့် စစ်ရှောင်တွေ စိုက်ပျိုးထားတဲ့ စပါးခင်း၊ ပြောင်းခင်းနဲ့ ငါးမွေးမြူရေးကန်တို့ ရေထဲ မျောပါသွားတယ်လို့ ပြောပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013