
ပရီးမီးယားလိဂ်ပွဲစဉ်တွေကို တခြားနိုင်ငံတွေမှာ ယှဉ်ပြိုင်ကစားလိုပါက ဥရောပဘောလုံးအဖွဲ့ချုပ် (UEFA) က ခွင့်ပြုသွားဖို့ ရှိပါတယ်။
စပိန်လာလီဂါနဲ့ အီတလီစီးရီးအေ ပွဲစဉ်တွေကို အမေရိကန်နဲ့ သြစတြေးလျ နိုင်ငံတွေမှာ ကျင်းပခွင့် ပြုပြီးနောက် ပရီးမီးယားလိဂ်ပွဲစဉ်တွေကိုလည်း တခြားနိုင်ငံမှာ ကျင်းပဖို့ ဆန္ဒရှိပါက UEFA ဘက်က ခွင့်ပြုချက်ပေးသွားဖို့ ရှိနေတာပါ။
ပရီးမီးယားလိဂ် တာဝန်ရှိသူတွေဟာ ရာသီကြိုကာလတွေမှာတော့ Premier League Summer Series အမည်နဲ့ အာရှတိုက်က နိုင်ငံတွေမှာ ပြိုင်ပွဲအသွင် လာရောက်ကျင်းပခဲ့တာတွေ ရှိပါတယ်။
စပိန်နဲ့ အီတလီလိဂ် ပွဲစဉ် ၂ ပွဲကို တခြားနိုင်ငံမှာ ကျင်းပမယ့် အစီအစဉ်ကို UEFA ဘက်က ဆန့်ကျင်ကန့်ကွက်ဖို့ အင်အားမရှိလို့သာ ခွင့်ပြုခဲ့တာဖြစ်ပြီး တခြားနိုင်ငံတွေမှာ ပြောင်းရွှေ့ကစားလိုတဲ့ လမ်းကြောင်းတခု တကမ္ဘာလုံးအတိုင်းအတာနဲ့ ကျယ်ပြန့်လာမယ့်အပေါ် စိုးရိမ်နေတယ်လို့ သိရပါတယ်။
ဗီလာရီးရဲလ်နဲ့ ဘာစီလိုနာ လိဂ်ပွဲစဉ်ကို အမေရိကန်နိုင်ငံ မိုင်ယာမီမှာ ကျင်းပသွားမှာဖြစ်ပြီး အေစီမီလန်နဲ့ ကိုမို ပွဲစဉ်ကို သြစတြေးလျနိုင်ငံ ပါ့သ်မြို့မှာ ကျင်းပသွားမှာဖြစ်ပါတယ်။


