
ရုရှားဒုံးကျည်တွေနဲ့ မောင်းသူမဲ့လေယာဉ်တွေက အောက်တိုဘာ ၅ ရက်မှာ ယူကရိန်းကို အစုလိုက် အပြုံလိုက် ဗုံးကြဲတိုက်ခိုက်ခဲ့ပြီးနောက် သမ္မတ ဗိုလိုဒီမာ ဇလန်းစကီးက မဟာမိတ်တွေကို ပြစ်တင် ရှုတ်ချခဲ့ပါတယ်။
ရုရှားအစိုးရဟာ မကြာသေးမီ သီတင်းပတ်တွေအတွင်း ယူကရိန်းရဲ့ စွမ်းအင်လိုင်းနဲ့ သဘာဝဓာတ်ငွေ့ ထုတ်လုပ်တဲ့ နေရာတွေကို အရှိန်မြှင့် တိုက်ခိုက်ခဲ့ပြီး တိုက်ပွဲတွေကို အဆုံးသတ်ဖို့ သံတမန်ရေးအရ ကြိုးပမ်းမှုတွေ ရပ်တန့်နေပါတယ်။
ယူကရိန်းရဲ့ အီဗာနို-ဖရန်ကစ်ဗ်စ်ခ်၊ ဗင်းနစ္စီယာ၊ ချာနိဟစ်ဗ်၊ ခါဆွန်၊ ခါခိဗ်နဲ့ ဩဒက်ဆာ ဒေသတွေမှာလည်း အရပ်သားတွေရဲ့ အခြေခံအဆောက်အအုံတွေ ပျက်စီးခဲ့တယ်လို့ ဝန်ကြီးချုပ် ယူလီယာ ဆွယ်ရပ်ဖ်ဒန်ကိုက ပြောခဲ့ပါတယ်။
ဇာပိုရစ်ရှားဒေသနဲ့ မြောက်ပိုင်း ချာနစ်ဟစ်ဗ် ဒေသတွေမှာ စွမ်းအင်ဆိုင်ရာ အဆောက်အအုံတွေ ပျက်စီးခဲ့တယ်လို့ ယူကရိန်းစွမ်းအင်ဝန်ကြီးဌာနက ပြောပါတယ်။
ယူကရိန်းနိုင်ငံပိုင် ဓာတ်ငွေ့နဲ့ ရေနံကုမ္ပဏီ နက်ဖ်တူးဟက်ဖ်စ်က ရုရှားနိုင်ငံဟာ ဓာတ်ငွေ့အခြေခံ အဆောက်အအုံတွေ ထိခိုက်ပျက်စီးအောင် လုပ်ခဲ့တယ်လို့ ပြောပေမဲ့ အသေးစိတ် အချက်အလက်တွေကို မပြောခဲ့ပါဘူး။
Source: Reuters