
စွန့်ပစ်ပလတ်စတစ်ပုလင်းတွေနဲ့ လှေလုပ်ပြီး ချီလီဝန်းမြစ်ထဲမှာ လှည့်လည်တဲ့ ပတ်ဝန်းကျင် ထိန်းသိမ်းရေး အသိပေးမှုအစီအစဉ် အင်ဒိုနီးရှားနိုင်ငံမှာ ပြုလုပ်ခဲ့ပါတယ်။
လှေတွေနဲ့စီတန်း လှည့်လည်ပွဲမှာ တိရိစ္ဆာန်ရုပ်တွေ၊ ယာဉ်ပုံစံတွေ၊ ပြည်တွင်ဂန္ထဝင်ပုဂ္ဂိုလ်ပုံတွေ၊ အဆောက်အဦး ပုံတွေပြုလုပ်ဖန်တီးခဲ့တာဖြစ်ပြီး ပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်ဖို့ ရည်ရွယ်ပါတယ်။
ဂျာကာတာပတ်ဝန်းကျင် အေဂျင်စီ အကြီးအကဲ ကူဆွမ်တိုက “ဂျာကာတာရဲ့ မြစ်တွေထဲမှာ စွန့်ပစ်ပုလင်းခွံတွေကိုအသုံးပြုပြီး စွန့်ပစ်အမှိုက်တွေ လျော့ချဖို့ သတိပေးမှုတွေ ပြုလုပ်ခဲ့ပါတယ်။ ဒီလိုလှုပ်ရှားမှုက မြစ်တွေကို ကာကွယ်ဖို့နဲ့ စွန့်ပစ်အမှိုက်တွေ မြစ်ထဲပစ်မှုတွေကို ပညာပေးချင်တဲ့ ရည်ရွယ်ချက်နဲ့ ပြုလုပ်တာပါ။ အနာဂတ်မှာ ဒီလိုအဖြစ်အပျက် တွေကို လူထုအာရုံစိုက်မှုတွေ တိုးတက်ဖို့ကို ရည်ရွယ်ပါတယ်”လို့ ပြောပါတယ်။
ပတ်ဝန်းကျင်ကို ချစ်မြတ်နိုးပါဆိုတဲ့ နာမည်နဲ့ ပြုလုပ်ခဲ့တဲ့ ဒီပွဲဟာ အင်ဒိုနီးရှားနိုင်ငံရဲ့ မြစ်ရေညစ် ညမ်းမှုတွေကို ပပျောက်စေဖို့ အသိပေးတာလည်း ဖြစ်ပါတယ်။
ချီလီဝန်းမြစ်ထဲကို နေ့စဉ် အမှိုက်တန်ချိန် ၇,၀၀၀ ဆယ်ယူနေရတယ်လို့ နိုင်ငံတကာရေအရင်း အမြစ်အဖွဲ့က ပြောပါတယ်။
မြစ်ရေသန့်ရှင်းအောင် ဆောင်ရွက်တာက သက်ရှိတွေရဲ့ ရှင်သန်မှု၊ ရေကြီးမှုတွေကာကွယ်ဖို့ ရေနုတ်မြောင်းတွေ အမှိုက်ပစ်ခြင်းကာကွယ်ဖို့နဲ့ ဂျာကာတာရဲ့ ရေကြောင်းလမ်းတွေမှာ သောင်တူးမှုတွေ ပြုလုပ်နေပါတယ်။
Source:Reuters


