မြင်းခြံအခြေစိုက်တော်လှန်ရေးတပ်ဖွဲ့ဝင် တယောက်က “သီတာယုမွန်ခေါင်းဆောင်တဲ့ ပျူစောထီးအင်အား ၃၀၀ လောက်က ၂၅ ရက်နေ့မှာ ညောင်ပင်ရွာကို စစ်ကြောင်းထိုးလာတယ်။ အဲ့ဒိစစ်ကြောင်းထိုးလာတဲ့နေ့စပြီး တိုက်ပွဲဖြစ်ခဲ့တာ ၂၇ ရက် မနက်ပိုင်းမှာတော့ အထိနာပြီးပြန် ဆုတ်သွားတယ်” လို့ ပြောပါတယ်။




စစ်ကြောင်းစတင်ဝင်ရောက်လာတဲ့နေ့က ပျူစောထီးအဖွဲ့ရဲ့ လက်နက်ကြီးတွေနဲ့ ပစ်ခတ်မှုကြောင့် ညောင်ပင်ကျေးရွာက လူနေအိမ် ၂ လုံး မီးလောင်ပျက်စီးခဲ့ရသလို ထောင်ချီတဲ့ကျေးရွာနေပြည်သူတွေလည်း နေရပ်စွန့်ခွာထွက်ပြေးနေရ ပါတယ်။
မြင်းခြံအခြေစိုက်တော်လှန်ရေးတပ်ဖွဲ့ တခုရဲ့တာဝန်ခံက “သီတာယုမွန်အဖွဲ့ ကိုင်းခြံနယ်ထဲက ရွာတရွာစစ်ကြောင်းထိုးနိုင်ရင် စစ်တပ်က ကျပ် သိန်း ၁၀၀၀ ပေးတယ်လို့သိရတယ်။ အဲ့ဒိ သိန်း ၁၀၀၀ လိုချင်လို့ သီတာယုမွန်အဖွဲ့က ညောင်ပင်ရွာဘက်ကို စစ်ကြောင်းအထိုးပြတာပါ” လို့ ပြောပါတယ်။
စက်တင်ဘာ ၂၇ ရက် မနက်ပိုင်းမှာပျူစောထီးတပ်ဖွဲ့ဝင်တွေ ပြန်လည်ဆုတ်ခွာသွားကြပေမဲ့ နယ်မြေရှင်းလင်းရေး အပြည့်အဝမလုပ်ဆောင်ရသေးတာကြောင့် ရွာခံပြည်သူတချို့ကိုသာ ကျေးရွာအတွင်း ဝင်ထွက်ခွင့်ပြုထားပါတယ်။
အဆိုပါ ညောင်ပင်ကျေးရွာဟာ မြင်းခြံနဲ့ ၅ မိုင်ခန့်သာဝေးကွာပြီး တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ စိုးမိုးနယ်မြေဖြစ် ပါတယ်။
Photo: မှိုင်းဝေ တယ်လီဂရမ်ချယ်နယ်