Home
မြန်မာသတင်း
နတ်မောက်တွင် မိုးသည်းထန်ပြီး ရေကြီး 
DVB
·
September 28, 2025
Natmauk-Flood_28092025
Natmauk-Flood1_28092025
Natmauk-Flood2_28092025

မကွေးတိုင်း၊ နတ်မောက်မြို့မှာ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် စက်တင်ဘာ ၂၈ ရက် ဒီနေ့မနက်က ချောင်းရေလျှံပြီး ရေကြီးနေပြီး ဒေသခံတွေ ရေးဘေးဒုက္ခကြုံတွေ့နေရပါတယ်။ 

နတ်မောက်မြို့ ဈေးရပ်ကွက်နဲ့ အောင်ဆန်းရပ်ကွက်တို့မှာ ဒီမနက် ၈ နာရီလောက်က နေအိမ်တွေထဲကို  ရေဝင်ရောက်လို့ ဒေသခံအိမ်ထောင်စုတွေကို  ရေဘေးလွတ်ရာ ကူညီရွှေ့ပြောင်းပေးခဲ့ရတယ်လို့  မီးသတ်တပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။

ဒါ့အပြင် ရေနံချောင်းမြိုမှာလည်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ဆုံတိုက်ရပ်ကွက်၊ တပင်ရွှေထီးရပ်ကွက်၊ မြို့မမြောက်ရပ်ကွက်နဲ့ စလင်းတန်းရပ်ရှိ လူနေအိမ်တွေအတွင်း ရေဝင်ရောက်လို့ အိမ်ထောင်စုတွေကို  ရေဘေးလွတ်ရာပို့ပေးခဲ့ရတယ်လို့ ဆိုပါတယ်။

မကွေးမြို့နဲ့ ပွင့်ဖြူမြို့တွေမှာလည်း ကားလမ်းမတွေနားမှာ သစ်ပင်တွေ လဲကျခဲ့တယ်လို့ သိရပါတယ်။

တောင်တရုတ် ပင်လယ်ပြင်မှာ ဖြစ်ပေါ်တဲ့ တိုင်ဖွန်းမုန်တိုင်း “ဘူအလွိုင်”ဟာ ဒီနေ့ ညပိုင်း ဗီယက်နမ်နိုင်ငံမြောက်ပိုင်းကမ်းခြေဒေသတွေကို ဗင့်မြို့နဲ့ ဒါနန်းမြို့တို့ကြား ဒုံဟွိုင်မြို့အနီးမှ ဖြတ်ကျော်နိုင်တယ်လို့ မိုးဇလဌာနက ခန့်မှန်းထားပါတယ်။ 

မနက်ဖြန် စက်တင်ဘာ ၂၉ ရက်မှာတော့ ဗီယက်နမ်နိုင်ငံနဲ့ လာအိုနိုင်ငံနယ်စပ်တို့ကို အပူပိုင်းမုန်တိုင်း “ဘူအလွိုင်” အဖြစ်၊ စက်တင်ဘာ ၃၀ ရက်မှာ လာအိုနိုင်ငံကို အပူပိုင်းမုန်တိုင်းငယ်အဖြစ် ဆက်လက်ဖြတ်ကျော်နိုင်တယ်လို့ ခန့်မှန်းထားပါတယ်။

Photo:  Myanmar Fire Services Department

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013