
တရုတ်နဲ့ ရုရှား ၂ နိုင်ငံလုံးနဲ့ ကမ္ဘာကြီးရဲ့ စွမ်းအင်လုံခြုံရေးနဲ့ ရေရှည်တည်တံ့ခိုင်မြဲတဲ့ ဖွံ့ဖြိုးတိုးတက်ရေးတို့ကို အာမခံဖို့ စွမ်းအင်ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ဖို့ ရုရှားနဲ့ လက်တွဲဆောင်ရွက်သွားဖို့ ဆန္ဒရှိတယ်လို့ တရုတ်ဒုတိယဝန်ကြီးချုပ် တိန့်ရွှေးရှန်းက ပေကျင်းမြို့တော်မှာ စက်တင်ဘာ ၂၆ ရက်က ပြောပါတယ်။
တရုတ်နိုင်ငံ ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုရဲ့ အမြဲတမ်းကော်မတီဝင် တယောက်လည်းဖြစ်တဲ့ တိန့်ဟာ ပေကျင်းမြို့တော်မှာ ရုရှားဒုတိယဝန်ကြီးချုပ် အလက်ဇန်းဒါး နိုဗက်နဲ့ ၂၂ ကြိမ်မြောက် တရုတ်-ရုရှား စွမ်းအင်ပူးပေါင်းဆောင်ရွက်ရေးကော်မတီ အစည်းအဝေးကို ပူးတွဲသဘာပတိအဖြစ် ဆောင်ရွက်ချိန်မှာ အမှာစကား ပြောခဲ့တာပါ။
တိန့်က တရုတ်နဲ့ ရုရှားတို့ဟာ အကျိုးစီးပွားတွေ ပေါင်းစည်းမှုကို နက်နက်ရှိုင်းရှိုင်း ပေါင်းစည်းဖို့ သူတို့ရဲ့ အဓိက စီမံကိန်းတွေ တည်ဆောက်ရေးနဲ့ လုပ်ငန်းဆောင်ရွက်ချက်တွေကို အရှိန်အဟုန် မြှင့်တင်ဖို့၊ စွမ်းအင်ပူးပေါင်းဆောင်ရွက်မှုမှာ အဓိက အောင်မြင်မှုတွေကို စုစည်းဖို့ အဆိုပြုခဲ့ပါတယ်။
၂ နိုင်ငံခေါင်းဆောင်တွေရဲ့ မဟာဗျူဟာလမ်းညွှန်မှုအောက်မှာ ရုရှား-တရုတ် စွမ်းအင်ပူးပေါင်း ဆောင်ရွက်မှုဟာ အသီးအပွင့်ရလဒ်တွေကို ဖြစ်ထွန်းစေခဲ့တယ်လို့ နိုဗက်က ပြောပါတယ်။
ရုရှား-တရုတ် စွမ်းအင်ပူးပေါင်းဆောင်ရွက်ရေးကော်မတီရဲ့ လမ်းညွှန်မှုနဲ့ ပေါင်းစပ်ညှိနှိုင်းရေး အခန်းကဏ္ဍကို အပြည့်အဝ အသုံးချဖို့၊ နှစ်နိုင်ငံကြား စွမ်းအင်ပူးပေါင်းဆောင်ရွက်မှုကို တိုးချဲ့ဖို့၊ တည်ထောင်ထားတဲ့ စီမံကိန်းတွေကို အကောင်အထည်ဖော်ရေး မြှင့်တင်ဖို့နဲ့ ရုရှား-တရုတ် ဆက်ဆံရေး အဆင့်မြင့် ဖွံ့ဖြိုးတိုးတက်ရေးကို ပံ့ပိုးကူညီဖို့ ရုရှားနဲ့ လက်တွဲဆောင်ရွက်သွားဖို့ ဆန္ဒရှိတယ်လို့ နိုဗက်က ပြောခဲ့ပါတယ်။
ဒုဝန်ကြီးချုပ် ၂ ယောက် တွေ့ချိန်မှာ ရေနံ၊ သဘာဝဓာတ်ငွေ့၊ ကျောက်မီးသွေး၊ လျှပ်စစ်၊ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်နဲ့ နျူကလီးယားစွမ်းအင် စတဲ့ နယ်ပယ်တွေမှာ တရုတ်-ရုရှား ပူးပေါင်းဆောင်ရွက်မှုကို ပြန်သုံးသပ်ပြီး နောက်ထပ် ပူးပေါင်းဆောင်ရွက်မှုအပေါ် နက်နက်ရှိုင်းရှိုင်း အမြင်ချင်းဖလှယ်ခဲ့ကြရင်း ကျယ်ပြန့်တဲ့ သဘောတူညီချက်ကို ရခဲ့ကြပါတယ်။
တွေ့ဆုံပွဲအပြီးမှာ တိန့်နဲ့ နိုဗက်တို့ဟာ အစည်းအဝေးမှတ်တမ်းတွေကို ပူးတွဲလက်မှတ်ရေးထိုးခဲ့ကြပါတယ်။
Source: Reuters