
ရုရှားနိုင်ငံအပေါ် ရန်လိုမှုမှန်သမျှကို ပြတ်ပြတ်သားသားတုံ့ပြမယ်လို့ ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂီလာ့ဗရော့ဗ်က နေတိုးနဲ့ ဥရောပသမဂ္ဂတို့ကို စက်တင်ဘာ ၂၇ ရက်မှာ သတိပေး ပြောကြားလိုက်ပါတယ်။
ရုရှားဝန်ကြီး ဆာဂီလာ့ဗရော့ဗ်က "ရုရှားဟာ မြောက်အတ္တလန်တိတ် မဟာမိတ်တွေနဲ့ ဥရောပသမဂ္ဂနိုင်ငံတွေကို တိုက်ခိုက်ဖို့ စီစဉ်လုနီးပါးလို့ စွပ်စွဲခံနေရပါတယ်။ သမ္မတ ပူတင်က ဒီလို ရန်စမှုတွေကို ထပ်ခါတလဲလဲ ငြင်းဆိုထားပါတယ်"လို့ ကုလသမဂ္ဂ အထွေထွေညီလာခံမှာ ပြောပါတယ်။
မြောက်အတ္တလန္တိတ် မဟာမိတ်နဲ့ ဥရောပသမဂ္ဂတို့ကို လက်တွေ့ ကျကျ တိုက်ခိုက်ဖို့ စီစဉ်နေတယ်လို့ စွပ်စွဲခံထားရတဲ့ ရုရှားအပေါ် အင်အားသုံး ခြိမ်းခြောက်မှုတွေဟာ ပိုပိုပြီး အဖြစ်များလာနေ ပါတယ်။
ရုရှားကတော့ ဒီလို ရည်ရွယ်ချက်မျိုး တခါမှ မရှိဘူး၊ ဒါပေမဲ့ ကျနော့်နိုင်ငံကို ရန်စလာတာမျိုးက ပြတ်ပြတ်သားသား တုံ့ပြန်နိုင်စွမ်း ရှိပါလိမ့်မယ်လို့ပြောပါတယ်။
ဥရောပသမဂ္ဂနဲ့ နေတိုး အဖွဲ့ဝင်နိုင်ငံတွေ ကြားမှာ မဲဆန္ဒရှင်တွေကို ရုရှားနဲ့စစ်ပွဲက ရှောင်လွှဲလို့ မရတော့ဘူးလို့ ပြောဆိုဆွဲဆောင်ပြီး အသုံးစရိတ်တွေလျှော့ဖို့ ပြင်ဆင်ထားဖို့ တိုက်တွန်းရုံသာမက ကျနော်တို့ရဲ့ လီနင်ဂရက်ဒ် ဒေသနဲ့ တခြားရုရှားနယ်မြေတွေကို တိုက်ခိုက်ဖို့ ပြင်ဆင်မှုတွေကိုလည်း ပွင့်ပွင့်လင်းလင်း ကြေညာတာတွေရှိခဲ့တာ သံသယတောင် မရှိသင့်ဘူးလို့ ရုရှားနိုင်ငံခြားရေး၀န်ကြီးက ပြောဆိုခဲ့ပါတယ်။
Source: Reuters