Home
နိုင်ငံတကာ
ဗီယက်နမ်နှင့် ပိုမိုမျှတသည့် ကုန်သွယ်ရေးအတွက် အီးယူကြိုးပမ်း
DVB
·
September 28, 2025
Photo Credit: Julien Guerrier / EU Ambassador to Vietnam

ဥရောပသမဂ္ဂဟာ ဗီယက်နမ်နဲ့ ပိုမျှမျှတတ ကုန်သွယ်ဖို့ ကြိုးစားနေတယ်လို့ ဥရောပသမဂ္ဂ (အီးယူ) ကုန်သွယ်ရေးကော်မရှင်နာမင်းကြီး မာရို့ရှ်ရှက်ကျိုဗစ်ခ်က အရှေ့တောင်အာရှခရီးစဉ်အပြီး စက်တင်ဘာ ၂၆ ရက်မှာ ပြောလိုက်ပါတယ်။

ရှက်ကျိုဗစ်ခ်က “ကတိကဝတ်ကို ကျနော်တို့ တန်ဖိုးထားပြီး ကျန်ရှိနေတဲ့ အတားအဆီးတွေကို ပူးတွဲဖြေရှင်းကာ ပိုမျှတတဲ့ ကုန်သွယ်မှုကို ဦးတည်သွားနိုင်ဖို့ မျှော်လင့်ပါတယ်” လို့ ဟနွိုင်းမြို့မှာ သတင်းထောက်တွေကို ပြောပါတယ်။

အီးယူ-ဗီယက်နမ် လွတ်လပ်သောကုန်သွယ်မှုသဘောတူညီချက်က ၂၀၂၀ ပြည့်နှစ်မှာ အသက်ဝင်လာပြီးတဲ့နောက် အီးယူဆီ ဗီယက်နမ်ရဲ့ တင်ပို့ကုန်ဟာ ၆၀ ရာခိုင်နှုန်း  တိုးလာခဲ့သလို ဗီယက်နမ်ဆီ အီးယူရဲ့ တင်ပို့ကုန်ကလည်း ၁၀ ရာခိုင်နှုန်း တိုးလာခဲ့တာပါ။

အီးယူဆီကနေတင်ပို့တဲ့ စိုက်ပျိုးရေးသွင်းကုန်ဆိုင်ရာ လုပ်ထုံးလုပ်နည်းတွေကို ရိုးရှင်းလွယ်ကူအောင် လုပ်ပေးဖို့ ဗီယက်နမ်ကို အီးယူအစုအဖွဲ့က တောင်းဆိုခဲ့ပါတယ်။

ရှက်ကျိုဗစ်ခ်က “အီးယူအဖွဲ့ဝင်နိုင်ငံတွေထဲက တနိုင်ငံရဲ့ လယ်ယာစိုက်ပျိုးရေး ကုန်စည်အတွက် ခွင့်ပြုမိန့်ကို ကျန်တဲ့ အီးယူအဖွဲ့ဝင် နိုင်ငံအားလုံး အတွက်ပါ အလိုအလျောက် အတူတူ ထုတ်ပြန်ပေးသင့်ပါတယ်။  အီးယူအဖွဲ့ဝင် နိုင်ငံအားလုံးအတွက် တူညီတဲ့ စည်းမျဉ်းစည်းကမ်းတွေ၊ တူညီတဲ့ စံနှုန်းတွေရှိတဲ့အတွက် ကျနော်တို့ရဲ့ ဗီယက်နမ်မိတ်ဖက်တွေက ရိုးရှင်းလွယ်ကူအောင် ဆောင်ရွက်ဖို့အဆိုပြုခဲ့ပါတယ်” လို့ပြောပါတယ်။

မော်တော်ကားတွေအတွက် နိုင်ငံတကာစံနှုန်းတွေကို လက်ခံဖို့ ဗီယက်နမ်ကိုလည်း သူက တိုက်တွန်းခဲ့ပါတယ်။

ရှက်ကျိုဗစ်ခ်ဟာ သူ့ခရီးစဉ်အတွင်း ဗီယက်နမ်ကုန်သွယ်ရေးဝန်ကြီးနဲ့ ရင်းနှီးမြှုပ်နှံမှု ပူးပေါင်းဆောင်ရွက်ရေး မြှင့်တင်ဖို့ ဆွေးနွေးခဲ့တယ်လို့ သတင်းထောက်တွေကို ပြောပါတယ်။

Source: Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013